ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 03, 2025
image_latest


နေပြည်တော် ဇူလိုင် ၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံကျသည့် အားကစားကွင်း/ အားကစာရုံများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန်လျာထားသည့် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ဘောဂဝတီအားကစားကွင်းရှိ ဘောလုံးကွင်းပတ်လည် ခြံစည်းရိုးအုတ်တံတိုင်း ကာရံထားရှိမှုအခြေအနေများ၊ ဂိုးတိုင်နှင့် ဂိုးပိုက်များ တပ်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဘောလုံးကွင်းမြက်ခင်းရေဖျန်းပိုက် (Sprinkler) တပ်ဆင်ထားမှုနှင့် ရေနုတ်မြောင်းဖောက်လုပ်ထားမှု အခြေအနေများနှင့် ရေသုံးစွဲမှုအဆင်ပြေစေရေးအတွက် ရေစင်တည်ဆောက်ထားရှိမှုအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်၊ မြို့နယ်များတွင် အားကစားကွင်း/အားကစားရုံများ ပြည့်ပြည့်စုံစုံဖြစ်အောင် တည်ဆောက်ပေးနိုင်ရေးအတွက် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် Synthetic ပြေးလမ်းပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်များ ထည့်သွင်း လျာထားနိုင်ရန် တင်ပြနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးနှင့် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြည်စေရေး၊ ရေရှည်တည်တံ့စေရေး၊ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရရှိစေရေးတို့အတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့အားကစားကွင်းသို့ သွားရောက်ပြီး ဘောလုံးအားကစားကွင်းတွင် ဂိုးတိုင်၊ ဂိုးပိုက်များနှင့် ကွင်းထောင့်ဧရိယာများတွင် Coner တိုင်များ စနစ်တကျတပ်ဆင်ထားရန်၊ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းနှင့် ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းအား ဦးစားပေးလျာထားရေးဆွဲတင်ပြသွားရန်လိုကြောင်း၊ ဘောလုံးကွင်းစိမ်းလန်းစိုပြည်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် တာဝန်ပေးဆောင်ရွက်သွားရန် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / Posted on July 01, 2025

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို e-Pension ကတ်ဖြင့် Centralized e-Pension စနစ်မှ ထုတ်ယူရရှိနိုင်သည့် ဘဏ်ခွဲ(၁၇၁)ဘဏ်စာရင်းကြေညာခြင်း

အမည်မည်းစာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 03, 2025

အမည်မည်းစာရင်းကြေညာခြင်း

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 03, 2025

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023