ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး) ကိုကြည့်ရှုစစ်ဆေး


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / January 30, 2026


နေပြည်တော်၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့တွင် Polytechnic University ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Polytechnic University တွင် ထည့်သွင်း တည်ဆောက်မည့် စာသင်ဆောင်များ၊ Lab ခန်းများ၊ အလုပ်ရုံများ၊ ကျောင်းသား၊ ကျောင်းသူအဆောင်၊ ဘောလုံးကွင်း၊ Recreation Centre၊ ဒုတိယပါမောက္ခချုပ်အိမ်ယာ၊ အရာရှိအိမ်ယာများ နှင့် ဆရာ၊ ဆရာမအိမ်ယာများ ဆောက်လုပ်မည့်‌ မြေနေရာနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက် လျာထားခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အနာဂတ်ဖြစ်ပေါ်လာမည့် လိုအပ်ချက်များနှင့်အညီ တင်ပြ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။        

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ်(တောင်ကြီး)ရှိ ဝန်ထမ်းအိမ်ယာ၊ ကျောင်းသား၊ ကျောင်းသူအဆောင်များတို့ကို ကြည့်ရှုစစ်ဆေးပြီး ပင်မဆောင်၊ စာသင်ဆောင်များ၊ ကွန်ပျူတာခန်း၊ အလုပ်ရုံများ၊ ဘောလုံးကွင်းတို့ကို ကြည့်ရှုစစ်ဆေးကာ ဒေသအကျိုးပြု သုတေသနများ ဆောင်ရွက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆောင်ရွက်နေရသော တက္ကသိုလ်များဖြစ်ကြရာ နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးနိုင်ရန်လိုအပ်ပါကြောင်း၊ အမှန်တကယ် ကျွမ်းကျင်တက်မြောက်ပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိသော အသိပညာ၊ အတတ်ပညာရှင်များ ဖြစ်လာစေရေးနှင့် ဒေသအကျိုးပြု သုတေသနများအဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများဖြစ်နေ စေရန် အစဉ်ကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း၊ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအား ဂရုတစိုက် ဆောင်ရွက်ပေးစေလိုကြောင်း နည်းပညာတက္ကသိုလ်(တောင်ကြီး)ရှိ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။  

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 01, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023