ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)နှင့် မြန်မာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်များသို့ ကြည့်ရှုစစ်ဆေး


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / February 01, 2026


နေပြည်တော်၊ ဖေဖော်ဝါရီ ၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများ နှင့်အတူ  ဇန်နဝါရီ ၃၁  ရက်နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)နှင့် မြန်မာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်များသို့ ကြည့်ရှုစစ်ဆေးပါသည်။

ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) သို့ရောက်ရှိပြီး  ကျောင်းသူအဆောင် ဆောက်လုပ်မည့်မြေနေရာ၊ ဒုတိယပါမောက္ခချုပ် နှင့် ပါမောက္ခများအတွက် အိမ်ယာဆောက်လုပ်မည့် မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် စည်သာဆည်မှ တက္ကသိုလ်သို့ ရေဖြန့်ဝေမှုစနစ် လျာထား အစီအစဉ်များအား မန္တလေးတိုင်း ဒေသကြီး၊  မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လက်တွေ့ခန်းများနှင့် အလုပ်ရုံများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သက်ဆိုင်ရာဘာသာရပ်အလိုက် ခင်းကျင်းပြသထားသော သုတေသန ပရောဂျက်များကို ကြည့်ရှုအားပေးပြီးနောက် ဘက်စုံထူးချွန်သော အင်ဂျင်နီယာပညာရှင်များနှင့် ဆန်းသစ်တီ ထွင်သော သုတေသီများဖြစ်အောင် ရည်မှန်းဆောင်ရွက်သွားရန်နှင့် လက်တွေ့ခန်းသုံးပစ္စည်းများ၊ သင်ထောက် ကူပစ္စည်းများအား စနစ်တကျအသုံးချရန်နှင့် ခေတ်မီသင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ညနေပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ခေတ္တပါမောက္ခချုပ်၏တင်ပြချက်များ အပေါ် ဗလငါးတန်နှင့်ပြည့်စုံသော အင်ဂျင်နီယာများ မွေးထုတ်နိုင်ရေးလမ်းညွန်မှာကြားခဲ့ပြီးနောက် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်(မန္တလေး) သို့ရောက်ရှိပြီး စာသင်ဆောင်များ၏ ပြုပြင်ပြီးစီးမှု အခြေအနေများအား တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးအဖွဲ့များ၊ အင်ဂျင်နီယာအသင်းအဖွဲ့များမှ ပညာရှင်များ၊ ကျွမ်းကျင်အင်ဂျင်နီယာများနှင့်အတူ ကွင်းဆင်းစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လက်တွေ့ခန်းများ၊ အလုပ်ရုံ၊ စာကြည့်တိုက်၊ အားကစားခန်းမနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် ဘောလုံးကွင်း တည်ဆောက်ရန် လျာထားမြေနေရာအား သွားရောက်စစ်ဆေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကာ ပင်မဆောင်နှင့် စာသင်ဆောင်များ၏ ပြုပြင်ပြီးစီးမှု အခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်၊

ခရီးစဉ်အတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်များ၏ ဥပဓိရုပ် ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် အရေအချင်းပြည့်ဝသော နိုင်ငံတော်အကျိုးပြုနိုင်မည့် ပညာရှင်များမွေးထုတ်နိုင်ရေး၊ သုတေသနဆောင်ရွက်နေမှုနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များအတွက်မှာကြားကာ ဆရာ၊ ဆရာမဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 01, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023