ပြည်နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား သင်ထောက်ကူပစ္စည်းများထောက်ပံ့
ပြည်နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား သင်ထောက်ကူပစ္စည်းများထောက်ပံ့
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / November 20, 2024
ဘားအံ - နိုဝင်ဘာ (၂၀)
“အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” ဆောင်ပုဒ်ဖြင့် (၃၅)နှစ်မြောက် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်း အနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် ငွေကျပ် ၁၁၆ သိန်းကျော် တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် ပညာရေး၊အသက်မွေးဝမ်း ကျောင်း၊ယဉ်ကျေးမှု၊အားကစားအစရှိသည့်ကဏ္ဍများအလိုက်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးသူငယ် များအတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးများ၏ ပကတိလိုအပ်ချက်များအပေါ်အခြေခံ၍ တစ်နည်းအားဖြင့်ကလေးများ၏အသံကိုနားထောင်ပြီး အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၁၆)ကျောင်းအတွက် စုစုပေါင်းငွေကျပ် ၁၁၆ သိန်းကျော်တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ် ခဲ့ကြပြီး ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video clip ကို တက်ရောက်လာသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ သည်။
ယင်းနောက် မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်လေးများက တေးသရုပ်ဖော်များဖြင့် သီဆိုကပြဖျော် ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသော မူကြိုရင်သွေးငယ်လေးများနှင့်ကျောင်းသား၊ကျောင်းသူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ တက်ရောက်လာကြသော လူမှုရေးအသင်းအဖွဲ့များ၊ ရင်သွေးငယ်လေးများ နှင့်၎င်းတို့၏မိဘများ၊ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ အားပေး စကားများပြောကြားခဲ့ပါသည်။
သတင်းစာများ
၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ (ဂျပန်ဘာသာ)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on December 03, 2024
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ (ဂျပန်ဘာသာ)
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ (ရုရှားဘာသာ)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on December 03, 2024
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ (ရုရှားဘာသာ)
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ (တရုတ်ဘာသာ)