ဗဟုဝင်ရိုး ကမ္ဘာ့အခင်းအကျင်း၏ မဟာဗျူဟာမြောက် အဖွဲ့အစည်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 01, 2025
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးနှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတို့ကို တက်ရောက်မည်ဖြစ်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation-SCO) ကို ဒေသတွင်းတည်ငြိမ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့်နယ်ပယ်များတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန်အတွက် တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ဖြင့် ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ်တို့လည်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်လာသည်။ မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံဖြစ်လာခဲ့ရာ ယခုအခါ မြန်မာအပါအဝင် သီရိလင်္ကာ၊ တူကီယဲ၊ ကမ္ဘောဒီးယား၊ အဇာ ဘိုင်ဂျန်၊ နီပေါ၊ အာမေးနီးယား၊ အီဂျစ်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကူဝိတ်၊ မော်လ်ဒိုက်၊ ယူအေအီးနိုင်ငံတို့ပါဝင်သည့် ဆွေးနွေးဖက်နိုင်ငံပေါင်း ၁၄ နိုင်ငံရှိသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် ယူရေးရှန်းဒေသကြီး၏ ၈၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်တို့ လွှမ်းခြုံပါဝင်နေသော ပထဝီဝင်နှင့် လူဦးရေအရ ကမ္ဘာ့အကြီးဆုံးဒေသဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်သည်။ ကမ္ဘာ့ဂျီဒီပီ၏ ၂၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပြီး အီရန်နိုင်ငံက အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးသည့်နောက်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ကမ္ဘာ့ရေနံအရန် ၂၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ ၄၄ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ နိုင်ငံတကာငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးတို့ကို တွန်းအားပေးနိုင်ရန် နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းဖြစ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်း၏ မဟာဗျူဟာမြောက် အဓိကအဖွဲ့အစည်းအဖြစ်လည်း ရှုမြင်ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ် ၃၀ ရက်က တီယန်ကျင်းမြို့ရှိ တီယန်ကျင်းဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလတွင် SCO ၏ ဆွေးနွေးဖက်နိုင်ငံဖြစ်လာပြီး အစည်းအဝေးများ စတင်တက်ရောက်ခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံပေးစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကလည်း SCO အဖွဲ့ဝင်နိုင်ငံအဖြစ် ထောက်ခံပေးမည့်အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်ရောက်ရှိလာချိန်မှစကာ တိကျသောကြားနေရေးဝါဒကို ကျင့်သုံးခဲ့ပြီး ဒွိဝင်ရိုးကမ္ဘာ့အခင်းအကျင်းတွင် မည်သည့်ဘက်သို့မှ လိုက်ပါခြင်းမရှိသော ဘက်မလိုက်ဝါဒကို ကျင့်သုံးခဲ့သည်။ သို့ရာတွင် အနောက်အုပ်စုနိုင်ငံများက မြန်မာနိုင်ငံကို ၎င်းတို့အလိုကျ ပုံသွင်းလိုကြပြီး ဩဇာလွှမ်းမိုးနိုင်ရန်လည်း ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့အလိုကျဖြစ်မလာသည့်အခါ နိုင်ငံတကာအလယ်တွင် စွပ်စွဲမှုအမျိုးမျိုးတို့ဖြင့် တားဆီးမှု၊ ပိတ်ဆို့မှုများ တန်းစီပြုလုပ်ခဲ့ကြရာ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရန် အခက်အခဲ၊ အကျပ်အတည်းများစွာ ရင်ဆိုင်ကျော်လွှားခဲ့ရသည်။

ဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းနှင့် လိုက်လျောညီထွေစွာ ပေါ်ပေါက်လာသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းသည် မိမိတို့နိုင်ငံ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရာတွင် နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အပြန်အလှန်အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 31, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 31, 2025

မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ကြေညာ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး (ပုသိမ်မြို့)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on August 29, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဧရာဝတီတိုင်း ဒေသကြီးညွှန်ကြားရေးမှူးရုံး (ပုသိမ်မြို့)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023