ဘားအံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကော့ခလိုင်စိန်ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 07, 2026
image_latest

ဘားအံမြို့နယ်၌  ရက်(၁၀၀)စီမံချက်ဖြင့်   ကော့ခလိုင်စိန်ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး 

 ဘားအံ မေ ၇

 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကော့ခလိုင်စိန်ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ  Box Culvert လေးစင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို မေလ ၇ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်နှင့် မြို့နယ်မှတာဝန်ရှိသူများက ရက်(၁၀၀)စီမံချက်ဖြင့် ကော့ခလိုင်စိန်ကျေးရွာကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ကော့ခလိုင်စိန်ကျေးရွာ၌ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းသည် အရှည် ၇ ပေ၊  အကျယ် ၂၄ ပေ၊ အမြင့် ၅ပေ (၄)စင်းအား  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု မွမ်းမံရန်ပုံငွေကျပ် ၈၀ သန်းဖြင့်  ဌာနစုဖွဲ့ကော်မတီမှ ၂၀၂၆ ခုနှစ် ဧပြီလ တတိယအပတ်က စတင်တာဝန်ယူဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်ထံကသိရသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on May 07, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 07, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (နေပြည်တော်စာစစ်ဌာန)

ဗီဒီယိုများ