ဘားအံမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) နှုတ်သိမ်းနေမှု ကွင်းဆင်းကြည့်ရှု
ဘားအံမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) နှုတ်သိမ်းနေမှု ကွင်းဆင်းကြည့်ရှု
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 09, 2026
ဘားအံ မတ် ၉
ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ဝင်းကျန်ကျေးရွာရှိ အောင်သပြေ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းက အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မျိုးနှင့်သွင်းအားစုများ ပံ့ပိုး၍ စိုက်ပျိုးထားသည့် မြေပဲစိုက်အသင်းသားတောင်သူ ၂၀ ဦး၏ စိုက်ဧက ၁၀၀ စိုက်ပျိုးထားသော ဆောင်းဆီထွက်သီးနှံ(မြေပဲ)များ နှုတ်သိမ်းနေမှုကို ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူးက ဆောင်းမြေပဲစိုက်အသင်းသား တောင်သူများနှင့်တွေ့ဆုံကာ မြေပဲများနှုတ်သိမ်းချိန်တွင် အလေအလွင့်မရှိစေရေး၊ ထွက်ရှိလာ သည့် မြေပဲများအား ဆီစက်လုပ်ငန်းရှင်များ သမဝါယမအသင်းနှင့် အသင်းအချင်းချင်း ချိတ်ဆက် ၍ ဝယ်ယူကြိတ်ခွဲရောင်းချနိုင်ရေးတို့အား ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး မြေပဲအထွက်နှုန်း မှာ တစ်ဧကလျှင် မြေပဲ ၇၅ တင်း ထွက်ရှိကြောင်း သိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
ကြေငြာချက်များ
အများပြည်သူသို့ အသိပေးကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 07, 2026
အများပြည်သူသို့ အသိပေးကြေညာ
အများပြည်သူသို့ အသိပေးကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 07, 2026
အများပြည်သူသို့ အသိပေးကြေညာ
ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 07, 2026
ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
