ဘားအံမြို့၌ မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်းနှင့် ဘာသာရပ်ဆိုင်ရာအရည်အသွေးမြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 19, 2026
image_latest

ဘားအံ မေ ၁၈

နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သင်တန်းအတွက် ငွေကျပ် ၃၆၉ သိန်းကို သင်တန်းနည်းပြများထံ ပေးအပ်ချီးမြှင့်သည်။

အဆိုပါသင်တန်းသို့ လက်ဝှေ့ကလပ် (၂၀) မှ အသက် ၁၅ နှစ်မှ ၂၅ နှစ်အကြား သင်တန်းသား ၈၆ ဦး၊ သင်တန်းသူ ၁၄ ဦး စုစုပေါင်း ၁၀၀ တက်ရောက်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဝမ်ချိုင်း၊ စောငမန်း တို့ပါဝင်သော သင်တန်းနည်းပြ ၁၃ ဦးက မေ ၁၈ ရက်မှ ဇွန် ၁ ရက်အထိ ၁၄ ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။

ထို့နောက် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ဘားအံတက္ကသိုလ် ဆရာ ဆရာမများ ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး ပါမောက္ခချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ဘားအံတက္ကသိုလ် ဆရာ ဆရာမများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

ဗီဒီယိုများ