ဘားအံမြို့၌ သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်မီးပုံးပျံကြီး အလုံး(၃၀)လွှတ်တင်ပူဇော်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 06, 2025


ဘားအံ အောက်တိုဘာ ၆

မြန်မာတို့၏(၁၂)လရာသီများအနက် သီတင်းကျွတ်အခါသမယသည် ဘာသာတရားများထုံမွှမ်းသော ထူးမြတ် သောကာလဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သီတင်းကျွတ်လပြည့်နေ့အထိမ်း အမှတ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းက ဘားအံမြို့၊ တောင်ကလေးကျေးရွာ လေယာဉ်ကွင်းဟောင်းနေရာ၌ ကျင်းပရာ ဒေသခံပြည်သူများအေး ချမ်းပျော်ရွှင်စွာပါတင်ဆင်နွှဲခဲ့ကြသည်။

မီးပုံးပျံလွှတ်တင်ပူဇော်ကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်ဒေသခံပြည်သူများသည် အတီး၊အမှုတ်၊အက၊အခုန်များဖြင့် လေယာဉ်ကွင်း ဟောင်းအတွင်း နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မီးပုံးပျံကြီး အလုံး(၃၀)ကို လွှတ်တင်ပူဇော်သွားမည်ဖြစ်ပြီး ဇွဲကပင်ခန်းမတွင် ထေရ်ကြီးဝါကြီးသံဃာတော်များအား ပူဇော်ကန် တော့ခြင်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ မွန်းလွဲပိုင်းတွင် မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရာဏာသိမ်ဆင်း လောင်းလှူခြင်း၊ ညခင်းပိုင်းတွင် သေဋ္ဌမာရ်အောင်ဘုရားကြီးဝင်း၌ ဆီမီး(၉၀၀၀)ပူဇော်ပွဲ တို့ကို စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ယခုနှစ်သီတင်းကျွတ်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံး လုံး အေးအေးချမ်းချမ်းဖြင့် ပါဝင်ဆင်နွှဲကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက မီးပုံးပျံလွှတ်တင် ပူဇော်ကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား တစ်ဖွဲ့လျှင်ငွေကျပ်(၇)သိန်းနှုန်းဖြင့် စုစုပေါင်း(၃၀)ဖွဲ့ အား ငွေကျပ် ၂၁၀၀၀၀၀ဝိ/(နှစ်ရာ့တစ်ဆယ်သိန်း)ကို ချီးမြှင့်ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးပုံးပျံ လွှတ်တင်ပူဇော်နိုင်ကြောင်း မင်္ဂလာရွှေမောင်းကို(၃)ချက်တီးခတ်၍ အချက်ပေးရာ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်း အဖွဲ့များပါဝင်သော မီးပုံးပျံလွှတ်တင်ပူဇော်ရေးအဖွဲ့များက အောက်ခြေအချင်း ၆ ပေ၊ အမြင့် ၄၀ ပေနှင့်အထက်ရှိသော မီးပုံးပျံကြီးအလုံး ၃၀ ကို အိုးစည်ဗုံမောင်းများ၊ တိုင်းရင်းသားတို့၏ယဉ်ကျေးမှု အတီး၊အမှုတ်၊အက၊အခုန်များဖြင့် လွှတ်တင်ပူဇော်ကြကာ ဘားအံမြို့ ခရီးစဉ်ဒေသများနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ လည်း မီးပုံးပျံအသေး အလုံး(၁၀၀)ကျော်တို့ကို လွှတ်တင်ပူဇော်ကြသည်။

ထိုသို့ မီးပုံးပျံများလွှတ်တင်ပူဇော်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး ယနေ့ကျင်းပသည့်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းပွဲတော်တစ်ရပ်ကို ဆင်နွှဲခြင်းဖြစ် သကဲ့သို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မြတ်စွာဘုရားရှင်ကိုရည်မှန်း၍ ကောင်းမှုကုသိုလ်ပြုသည့်ပွဲလည်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်အတွင်းသီတင်းသုံးတော်မူကြသော ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲ မင်္ဂလာအခမ်းအနားကို သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော် နေ့) နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများအား စုပေါင်းပူဇော်ကန်တော့ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ဥဒေါင်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တခန္ထီဝဏ္ဏ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီး(၁၁)ပါး ကြွရောက်ချီးမြှင့် တော်မူကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒါစရိယ ဥဒေါင်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တခန္ထီဝဏ္ဏ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်စသော ပရိတ်တရားတော်များကို နာယူကြည်ညို ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြကာ ပြည်နယ်သံဃနာယကအဖွဲ့ (မူလဒွါရ)ဥက္ကဋ္ဌ အမိတာရာမရဲကျောင်းဆရာတော် ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏာလင်္ကာရ နှင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကထိက သုန္ဒရာရာမကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတေဇောဘာသတို့ထံမှ သာရဏီယ ဩဝါဒကထာများကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ် ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းသည်။

အခမ်းအနားအပြီးတွင် ကြွရောက်ချီးမြှင့်တော်မူကြသော ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး တက်ရောက်လာသော လူပုဂ္ဂိုလ် ဧည့်ပရိတ်များကိုလည်း နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မဲဆန္ဒရှင် ပြည်သူများသို အသိပေးကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 10, 2025

မဲဆန္ဒရှင် ပြည်သူများသို အသိပေးကြေညာ

မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြိုနယ်ပြင်ပရောက် ပြည်တွင်းနှင့် ပြည်ပရှိမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 10, 2025

မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြိုနယ်ပြင်ပရောက် ပြည်တွင်းနှင့် ပြည်ပရှိမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန / Posted on October 03, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023