မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရေနံမြေ လုံခြုံရေးလုပ်သား နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 12, 2025


     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ် ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ်ခြောက်ကျေးရွာရှိ ရေနံချောင်းရေနံမြေ၊ ရေနံတွင်းအမှတ် (၃၁၁၂)၌ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ရေနံမြေလုံခြုံရေးဌာနမှ လုံခြုံရေးလုပ်သားဖြစ်သူ ဂျုပ်ပင်ကျေးရွာနေ ဦးအောင်ကျော်မိုး(၅၆)နှစ်နှင့် Gold Petrol ကုမ္ပဏီမှ လုံခြုံရေးလုပ်သားဖြစ်သူ အေးစေတီရပ်ကွက်နေ ဦးမြင့်ဦး(၆၀)နှစ်တို့ နှစ်ဦးမှ လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးခန့်က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှု များအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on November 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023