မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၂ ဦးက အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ လုယက်ယူဆောင်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၂ ဦးက အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ လုယက်ယူဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 23, 2021

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးက အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့်ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ အား လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာနေ ဦးမျိုးထွန်း(၃၉)နှစ်၊ (ဘ)ဦးကျော်သိန်းအား PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဦးမျိုးထွန်း(၃၉)နှစ်၊ (ဘ)ဦးကျော်သိန်းသည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် အစိမ်းရောင် ပြောက်ကျားဦးထုပ်ဝိုင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ တောစီးပြောက်ကျားဖိနပ်များ ဝတ်ဆင် ထားကာ မျက်နှာဖုံးတပ်ဆင်ထားသည့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၂ ဦး (စိစစ်ဆဲ)က ခြံစည်းရိုးအုတ်တံတိုင်းနှင့် သွပ်ဆူးကြိုးများအားဖျက်ဆီး၍ ခြံဝင်းအတွင်းဝင်ရောက်လာပြီး နေအိမ်ရှေ့တံခါးအား ဆွဲဖွင့်နေသဖြင့် ဦးမျိုးထွန်းမှတံခါးဖွင့် မေးမြန်းစဉ် ၎င်းတို့ ၂ ဦးအနက် အမျိုးသား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမျိုးထွန်းတွင် ယာဘက်မေးရိုးရှပ်ထိဒဏ်ရာ ၁ ချက် ရရှိခဲ့ပါသည်။
ဆက်လက်၍ အဆိုပါအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးက ဦးမျိုးထွန်းအား ခြိမ်းခြောက်ကာ နေအိမ်ရှိ မီးခံသေတ္တာသော့အား ဖွင့်ခိုင်း၍ အတွင်းရှိ ငွေကျပ်သိန်း ၇၀၀ အား လုယက် ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာ၌ ၎င်းတို့ ပစ်ခတ်ခဲ့သည့် LC 87 စာတမ်းပါ ကျည်ခွံ ၁ ခုနှင့် ကျည်တောင့် ၁ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
အထက်ပါဖြစ်စဉ်မှ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ အား လုယက် ယူဆောင်ကာ ထွက်ပြေးသွားခဲ့သည့် PDF အကြမ်းလက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်း စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။
ကြေငြာချက်များ
ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)
ဆောက်လုပ်ရေးဝန်ကြီးဌာန / Posted on May 13, 2025
Travel Advisory (1/2025)
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန / Posted on May 12, 2025
ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန / Posted on May 12, 2025