မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ကမ္ဘောဇဘဏ်ခွဲ (၃၇) အား သေနတ်ပြခြိမ်းခြောက်၍ ဝင်ရောက်လုယက်သူ အမျိုးသားတစ်ဦးအား ဘဏ်ဝန်ထမ်းများမှ ဝိုင်းဝန်းဖမ်းဆီးရာ လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 13, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၃

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ လမ်း ၄၀ ၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇) ၌ လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကမ္ဘောဇဘဏ်ခွဲ (၃၇) အတွင်းသို့ ပြောက်ကျားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦး (စိစစ်ဆဲ) က ငွေလွှဲ/ငွေထုတ် ပြုလုပ်ဟန်ဆောင်ကာ ဝင်ရောက်လာပြီး ဘဏ်ကောင်တာအမှတ် (၄) ရှေ့အရောက် အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများအား ချိန်ရွယ်ခြိမ်းခြောက်၍ ၎င်းလွယ်လာသည့် ကျောပိုးအိတ်အတွင်း ငွေများအားထည့်ခိုင်းကာ လုယက်ယူဆောင်၍ ဘဏ်အတွင်းမှ ပြန်လည်ထွက်ခွာစဉ် ဘဏ်ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများက လုယက်သူအမျိုးသားအား ဝင်ရောက်လုံးထွေးဖမ်းဆီးရာ ၎င်းမှသေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဒုမန်နေဂျာဖြစ်သူ ဦးလမင်းကိုကို၏ ဝဲဘက်လက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လုယက်မှုကျူးလွန်သူ တရားခံ အောင်ပြည့်ဖြိုး (ခ) ရောင်နီ (၃၂) နှစ်၊ (ဘ) ဦးညီညီ၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံ အောင်ပြည့်ဖြိုး (ခ) ရောင်နီ အား မဟာအောင်မြေမြို့နယ်၊ အမှတ် (၉) နယ်မြေရဲစခန်း၌ (ပ) ၁၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၀၇ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးခဲ့သည်။

ဖမ်းဆီးရမိသူ တရားခံ အောင်ပြည့်ဖြိုး (ခ) ရောင်နီ၏ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၆ နာရီ ၅ မိနစ်တွင် ၎င်း၏မိဘနေထိုင်ရာ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိနေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ရှိ အိမ်သာအမိုးကြားမှ လက်လုပ်သေနတ်အတို ၂ လက်၊ ဂျင်ကလိ ၁၈ ချောင်း၊ တီရှပ်အင်္ကျီ ၁ ထည်တို့အားလည်းကောင်း၊ ည ၆ နာရီ ၂၀ မိနစ်တွင် ၎င်းငှားရမ်းနေထိုင်သည့် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိနေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၉ မမကျည် ၁၈ တောင့်၊ MDY 1W/59983 စူပါကတ်အမျိုးအစား ဆိုင်ကယ် ၁ စီးတို့အားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ တရားခံ အောင်ပြည့်ဖြိုး (ခ) ရောင်နီအားစစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ၆ လပိုင်းခန့်က ခင်မင်ရင်းနှီးသူ ကိုနိုင်ဦး (ခ) ကိုဦး (ခ) လောင်ချာ (စိစစ်ဆဲ) နှင့်အတူ စဥ့်ကိုင်မြို့နယ်၊ တဘတ်စွဲကျေးရွာအနီးရှိ သရက်ခြံအတွင်းဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် နေအိမ်များ၌ ထပ်မံရှာဖွေသိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများအား ကိုနိုင်ဦး (ခ) ကိုဦး (ခ) လောင်ချာထံမှ ဖုန်းဖြင့် ချိတ်ဆက်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုနိုင်ဦး (ခ) ကိုဦး (ခ) လောင်ချာ ထံဖုန်းဖြင့်ဆက်သွယ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ငွေများအားအကြိမ်ကြိမ်ထောက်ပံ့ခဲ့ ကြောင်းနှင့် အကြမ်းဖက်အဖွဲ့သို့ ထပ်မံငွေကြေးထောက်ပံ့ပေးရန်ရည်ရွယ်၍ ကမ္ဘောဇဘဏ် (၃၇) အား ဝင်ရောက်ပစ်ခတ်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ အောင်ပြည့်ဖြိုး (ခ) ရောင်နီသည် PDF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းအကြမ်းဖက်အဖွဲ့သို့ ငွေကြေးထောက်ပံ့ရန်ရည်ရွယ်၍ ကမ္ဘောဇဘဏ် (၃၇) အား သေနတ်ဖြင့်ပစ်ခတ်ခြိမ်းခြောက်၍ ဝင်ရောက်လုယက်ခဲ့မှုကြောင့် ဘဏ်ဝန်ထမ်းတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းအားဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 14, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် / Posted on January 14, 2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် / Posted on January 14, 2025

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023