မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တော်လှကျေးရွာ၊ ပြင်ဦးလွင်-ထုံးဘိုသွား ကားလမ်းဘေးရှိ မော်တော်ယာဉ်ပြုပြင်ရေးခြံ၌ မီးလောင်မှု

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 31, 2025

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ တော်လှကျေးရွာ၊ ပြင်ဦးလွင်-ထုံးဘိုသွား ကားလမ်းဘေးရှိ မော်တော်ယာဉ် ပြုပြင်ရေးခြံတာဝန်ခံ ဦးအောင်ဇော်မင်း၏ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် စတိုခန်းတွင် သွယ်တန်းထားသော ဝိုင်ယာကြိုးများ အပူလွန်ကဲပြီး မီးပွားထွက်ရာမှ အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမရပူရခရိုင်၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၅ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်  တစ်ထပ် စတို တစ်လုံးနှင့် အတွင်းပစ္စည်းအဟာင်းများ၊ MDY-14/9S-XXXX SHACMAN အဖြူရောင် တွဲခေါင်းမော်တော်ယာဉ် နှစ်စီး၊ MDY-14/ 6S-XXXX SHACMAN အဖြူရောင် တွဲခေါင်းမော်တော်ယာဉ်၏ ဦးခေါင်းပိုင်း၊ တာယာ ၁၂ လုံးနှင့် အင်ဂျင်အစိတ်အပိုင်း အနည်းငယ်၊ MDY-14/1P-XXXX DONGFENG အဝါရောင် တွဲခေါင်းမော်တော်ယာဉ်၏ ဦးခေါင်းပိုင်းနှင့် တာယာ ၅ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် တာဝန်ခံ ဦးအောင်ဇော်မင်း အား မြစ်ငယ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023