မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး ကားလမ်းပိုင်းနေရာ (မိတ္ထီလာတောင်ကန် ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်လုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကြည့်ရှုစစ်ဆေး
မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး ကားလမ်းပိုင်းနေရာ (မိတ္ထီလာတောင်ကန် ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်လုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 05, 2025

မိတ္ထီလာ မေ ၅
မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မိတ္ထီလာမြို့ ရန်ကုန်မန္တလေးကားလမ်းပိုင်းနေရာ (မိတ္ထီလာတောင်ကန် ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်နေမှုလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ယနေ့နံနက် ၁ဝ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကန်ပေါင်မြေပြိုကျခြင်းနှင့် အက်ကြောင်းဖြစ်ပေါ်ခြင်းအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကိုဆောင်ရွက်သည့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထိန်က လုပ်ငန်းဆောင်ရွက်အခြေအနေများမှာ ပယ်မြေဖယ်ရှားခြင်းလုပ်ငန်း၊ Sand & Gravel Mixture ခင်းခြင်းလုပ်ငန်း၊ ကန်ပေါင်မြေဖို့ခြင်းလုပ်ငန်းနှင့် ရေစစ်ရိုးကျောက်စီခြင်းလုပ်ငန်းများ ၉၉ ရာခိုင်းနှုန်းဆောင်ရွက်ပြီးစီးကြောင်းကိုလည်းကောင်း၊ လမ်းပိုင်းတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့် ယုဇနကုမ္ပဏီမှတာဝန်ရှိသူက ကန်ပေါင်တွင် ပြန်လည်တည်ဆောက်မည့် လမ်းလွှာဒီဇိုင်းပတ်သက်၍ ယခင်အသုံးပြုခဲ့ လမ်းလွှာဒီဇိုင်းဟောင်းထက် တမံအပေါ်အားသက်ရောက်မှုညီညာပျံ့နှံ့ပြီး သက်သာစေသော လမ်းလွှာဒီဇိုင်းဖြစ်ပါကြောင်း၊ ယခုပြန်လည်တည်ဆာက်မည့်လမ်းပိုင်းကို ကျောက်ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်ပြီး မိုးရာသီကုန်ချိန်တွင် နိုင်လွန်ကတ္တရာခင်းခြင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လမ်းတည်ဆောက်ရေးလုပ်ငန်းတွင် သွားလာဆက်သွယ်မှုအဆင်ပြေစေရန်အတွက် လမ်းတစ်ခြမ်းပိတ်၍ လုပ်ငန်းများဆောင်ရွက်ကာ ကျန်တစ်ခြမ်းတွင် လုပ်ငန်းသုံးမော်တော်ယာဉ်များ သွားလာနိုင်ရန်ဖွင့်ထားပါကြောင်း စသည်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား ရှင်းလင်းတင်ပြသည်။ ထိုနောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ရန်ကုန်-မန္တလေး ကားလမ်းပိုင်းနေရာ (မိတ္ထီလာတောင်ကန် ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။


သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။
ကြေငြာချက်များ
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 03, 2025
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 05, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၄/၂၀၂၅)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 02, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၄/၂၀၂၅)