မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 26, 2026
image_latest


အိမ်တိုင်းအိမ်တိုင်းက မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အောက်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားသည် -

(၁) မိမိနေအိမ်ခြံဝင်းကို သန့်ရှင်းသပ်ရပ်စွာထားပါ။

(၂) မီးလောင်လွယ်သော အရာဝတ္ထုများကို သေချာစွာထုပ်ပိုးသိမ်းဆည်းခြင်း၊ အသုံးမပြုလိုလျှင် စနစ်တကျစွန့်ပစ်ခြင်းများ ဆောင်ရွက်ပါ။

(၃) အမှိုက်မီးရှို့လိုလျှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြား၍ ခွင့်ပြုမှသာ ဆောင်ရွက်ပါ။

(၄) ထင်းမီးဖိုအသုံးပြုလျှင် လုံခြုံစွာကာရံခြင်း၊ ကျင်းတူး၍ အသုံးပြုခြင်းများ ဆောင်ရွက်ပါ။

(၅) ဓာတ်ငွေ့မီးဖြင့် အသုံးပြုချက်ပြုတ်လျှင် အသုံးမပြုမီ နားလည်တတ်ကျွမ်းသူများဖြင့် သေချာစွာ စစ်ဆေးပါ။

(၆) လျှပ်စစ်မီးကို အသုံးပြုချက်ပြုတ်လျှင် ဝန်အားမျှတသည့် ဝိုင်ယာကြိုးများကို အသုံးပြုခြင်း၊ လျှပ်စီးပတ်လမ်းကို အလိုအလျောက်ဖြတ်တောက်ပေးသော ပစ္စည်းကိရိယာများကို အသုံးပြုခြင်း၊ ဝန်အားမနိုင်လျှင် လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများတပ်ဆင် ထားရှိခြင်းများကို နားလည်တတ်ကျွမ်းသောပညာရှင်များ၏ အကူအညီရယူဆောင်ရွက်ပါ။

(၇) နေအိမ်တွင် အသုံးပြုထားရှိသော လျှပ်စစ်ပစ္စည်းများကို နှစ်စဉ်စစ်ဆေးပြီး အသုံးပြုရန် မသင့်လျော်သော ဟောင်းနွမ်းခြင်း၊ ပေါက်ပြဲခြင်း၊ ဝန်အားမမျှခြင်း စသည့်အန္တရာယ်ရှိသည့် အစိတ်အပိုင်းများကို အစားထိုးလဲလှယ်ပါ။

(၈) နေအိမ်ခြံဝင်းအတွင်း လောင်စာဆီ၊ စားသုံးဆီ၊ စက်သုံးဆီ၊ အမွှေးဆီ စသည့်မီးလောင်လွယ်သော ဆီအမျိုးမျိုးကို သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ မပြုပါနှင့်။

(၉) မီးခြစ်အစရှိသော မီးဖြစ်စေသောပစ္စည်းများကို ကလေးသူငယ်များ လက်လှမ်းမမီသောနေရာ၊ အပူဒဏ်မခံစားရသောနေရာများတွင် သေချာစွာသိမ်းဆည်းထားရှိပါ။

(၁၀) ကလေးငယ်များကို မီးဖြစ်ပေါ်စေသောပစ္စည်းများ သို့မဟုတ် မီးလောင်လွယ်သောပစ္စည်းများနှင့် အသုံးပြုချက်ပြုတ်စေခြင်း၊ ဆေးလိပ်၊ ခြင်ဆေးခွေနှင့် အမွှေးတိုင်အစရှိသော ပစ္စည်းများအား မီးညှိစေခြင်း၊ ဆော့ကစားခြင်းများမပြုပါစေနှင့်။

(၁၁) ဆေးလိပ်ကို မီးငြိမ်းသည်ဟု သေချာမှသာ စနစ်တကျစွန့်ပစ်ပါ။

(၁၂) အိပ်ရာ၊ အဝတ်တန်း၊ အဝတ်ပုံနှင့် လောင်စာဆီများအနီးတွင် ခြင်ဆေးခွေထွန်းညှိထားခြင်း၊ ဖယောင်းတိုင် မီးထွန်းခြင်း၊ အမွှေးတိုင်ထွန်းညှိထားခြင်းများ မပြုပါနှင့်။

(၁၃) ဘုရားရှိခိုးအပြီး လူစောင့်မထားရှိဘဲ မီးပူဇော်ထားရှိခြင်း၊ အမွှေးတိုင်ထွန်းညှိပူဇော်ထားရှိခြင်းများ မပြုပါနှင့်။

(၁၄) ထမင်းဟင်းချက်ပြုတ်ခြင်း၊ မီးပူတိုက်ခြင်း၊ အမှိုက်မီးရှို့ခြင်းနှင့် မီးနှင့်ပတ်သက်သော သို့မဟုတ် မီးလောင်နိုင်သောပစ္စည်းများကို ကိုင်တွယ်အသုံးပြုပြီးတိုင်း သေချာစွာစစ်ဆေးဖြတ်သိမ်းခြင်း၊ ငြှိမ်းသတ်ခြင်း၊ လူစောင့်ထားရှိခြင်းများဆောင်ရွက်ပါ။

(၁၅) အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် နေအိမ်မှထွက်ခွာလိုလျှင် မထွက်ခွာမီ မီးလောင်နိုင်သော ကိစ္စဟူသမျှသေချာစွာစစ်ဆေးပြီး မီးမလောင်နိုင်ဟု သေချာမှသာ နေအိမ်မှထွက်ခွာပါ။

(၁၆) လူမနေသော အဆောက်အအုံ၊ ဂိုဒေါင်များကို ညစောင့်ထားရှိပါ။

(၁၇) နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ လှေကား၊ ရေနှင့် သဲအစရှိသော မီးငြှိမ်းသတ်ရေးကိရိယာများ စုံလင်စွာထားရှိပါ။ ငွေကြေးတတ်နိုင်ပါက မီးသတ်ဆေးဘူးထားရှိပါ။ အထပ်မြင့်အဆောက်အအုံဖြစ်ပါက အထပ်တိုင်းတွင် မီးသတ်ဆေးဘူးထားရှိပါ။

(၁၈) မီးငြှိမ်းသတ်ရေးကိရိယာများကို အသုံးပြုတတ်စေရန် လေ့ကျင့်သင်ကြားပါ။ နေအိမ်ရှိလူတိုင်း အသုံးပြုတတ်အောင်လည်းသင်ကြား၍ အခါအားလျော်စွာ လေ့ကျင့်ပါ။

(၁၉) မီးချိတ်၊ မီးကပ်၊ လှေကား၊ ရေနှင့် သဲများထားရှိရာတွင် မီးချိတ်သည် အရွယ်ရောက်ပြီး လူငယ်တစ်ဦး ခိုစီးနိုင်လောက်အောင်ခိုင်ခံ့ရမည်။ မီးကပ်သည် လွှဲရမ်းခံနိုင်လောက်အောင် တောင့်တင်းရမည်၊ လှေကားသည် အရွယ်ရောက်ပြီး လူငယ်တစ်ဦး သယ်ယူနိုင်ရမည်ဖြစ်ပြီး လူကြီးနှစ်ဦးအတက်ခံနိုင်သည်အထိ ပေါ့ပါးခိုင်ခံ့ရမည်၊ ရေနှင့်သဲကိုအရွယ်ရောက်ပြီး လူငယ်တစ်ဦး သယ်ယူပက်ဖျန်းစေနိုင်သော ပုံးဖြင့်ဖြစ်စေအများအပြားထားရှိပါက အလွယ်တကူသယ်ယူပက်ဖျန်းနိုင်စေရန် မီးသတ်ရေပုံးထားရှိ ဆောင်ရွက်ရပါမည်။

(၂၀) မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်သောညွှန်ကြားချက်များ၊ စည်းကမ်းများ၊ တားမြစ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ပါ။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on March 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 26, 2026

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက်...

၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 26, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitro-gen Dioxide...

ဗီဒီယိုများ