မဲခေါင်–လန်ချန်း သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့် စီမံကိန်း စတင်


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / March 06, 2026


နေပြည်တော် မတ်လ ၆

မဲခေါင်–လန်ချန်း သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့်စီမံကိန်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားနှင့် သံမှူးကြီး ဒေါက်တာ ကျန်းကျီဟုန်၊အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနနှင့်ဌာန အသီးသီးမှ ညွှန်ချုပ်ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေး အဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ပြည်တွင်း၊ပြည်ပ ပညာရှင် များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားအဖြစ် ဤမဲခေါင်-လန်ချန်းစီမံကိန်းအတွက် အထူးရန်ပုံငွေများ ဆက်လက် ပံ့ပိုးကူညီပေးလျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ဆက်စပ်အဖွဲ့အစည်းများအားလုံးကို လှိက်လှိက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခုစီမံကိန်းသည် မဲခေါင်ဒေသတွင်း သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးမှုအဆင့်အတန်း တစ်ပြေးညီဖြစ်စေရေးအတွက် ပူးပေါင်းဖလှယ်မှုများကို တိုးမြှင့်နိုင်ရန်အတွက် ပထမအဆင့် စီမံကိန်း၏ အောင်မြင်မှုအုတ်မြစ်များအပေါ် အခြေပြုလျက် ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် ဒုတိယအဆင့်စီမံကိန်းဖြစ်ပါကြောင်း၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာဆန်းသစ် တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု တည်တံ့ခိုင်မြဲရေး၊ ကျောင်းသား လူငယ်များ၏ ကမ္ဘာနှင့် ဒေသတွင်း စိန်ခေါ်မှုပြဿနာများအား သိပ္ပံနည်းကျဖြေရှင်းနိုင်ရေးအတွက် စဥ်ဆက်မပြတ် အသုံးပြုနိုင်မည့် အသိပညာဖလှယ်ရေးယန္တရားများ တည်ထောင်ရေးတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ စီမံကိန်းရလဒ်မှာ ဒေသတွင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များအတွက်ပါ အတုယူဖွယ်ရာ စံပြမော်ဒယ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း။

ယခုစီမံကိန်းသည် ယမန်နှစ်က စိန်ရတုပြည့်နှစ် ပြည့်မြောက်ခဲ့ပြီး တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ရှည်ကြာလှသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မြဲအားကောင်း စေရန် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းအပြင် ယခုစီမံကိန်းသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်သည့် ယခုနှစ်မှစ၍ မဲခေါင်ဒေသတွင်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုများအတွက် အေးအတူပူအမျှ မျှဝေသော အနာဂတ်အသိုက်အဝန်းကို အတူတကွ လက်တွဲတည်ဆောက် ကြရင်း ရွှေရောင်ဆယ်စုနှစ်ခရီး၏ အရေးပါသောခြေလှမ်းတစ်ရပ်ဟု ယုံကြည်မိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားက အမှာစကား ပြောကြားပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

နေ့လယ်ဆွေးနွေးပွဲ၌ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်(တာဝန်ခံ)၊ ကူမင်းသိပ္ပံနှင့် နည်းပညာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ ကျန်းရယ်ဟွာနှင့် စီမံကိန်းအဖွဲ့ဝင်များက ပထမအဆင့်စီမံကိန်းဆိုင်ရာ ခြုံငုံသုံးသပ်ချက်နှင့် ၂၀၂၇ ခုနှစ်အထိ ဒုတိယအဆင့်ဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို Hybrid စနစ်ဖြင့် ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုရလဒ်များ ရရှိခဲ့ကြကြောင်း သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အများပြည်သူသို့ အသိပေးကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

အများပြည်သူသို့ အသိပေးကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 07, 2026

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

ဗီဒီယိုများ