မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ ရုပ်ရှင်ပညာရပ်ဆိုင်ရာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာကြော်ငြာခနှုန်းထားများ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ ရုပ်ရှင်ပညာရပ်ဆိုင်ရာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 17, 2025

ရန်ကုန် ဖေဖော်ဝါရီ ၁၆
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရုပ်ရှင်ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း ၂၈၁ အုပ် ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အဆိုပါတက္ကသိုလ် စာကြည့်တိုက်၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ တက်ရောက်လက်ခံသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက လှူဒါန်းသည့် စာအုပ်များသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်တွင် အထူးစာစု (Special Collection)အဖြစ် စုဆောင်းထိန်းသိမ်းထားရှိမည်ဖြစ်ပြီး ရုပ်ရှင်နှင့်ပြဇာတ်ပညာရပ်ကို တက်ရောက်သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် အကျိုးများသော စာအုပ်များဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါစာအုပ်များသည် သင်ကြားရေးကို အထောက်အကူပြုခြင်းသာမက စာတမ်းများပြုစုရာတွင် အထောက်အကူရရှိခြင်း၊ ပညာဗဟုသုတလေ့လာဆည်းပူးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိမည်ဖြစ်ကြောင်း မုဒိတာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက စာအုပ်လှူဒါန်းခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စာအုပ်များပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးနှင့် ပါမောက္ခချုပ်တို့က လက်ခံပြီး ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာကြသည်။
ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်နှင့်ပတ်သက်သော စာအုပ်များဖြစ် သော motion picture ဆိုင်ရာ ၇၃ အုပ်၊ Directing ပညာရပ်ဆိုင်ရာခြောက်အုပ်၊ Editing ဆိုင်ရာ သုံးအုပ်၊ Script writing ဆိုင်ရာနှစ်အုပ်၊ production ဆိုင်ရာနှစ်အုပ်၊ photography ဆိုင်ရာ ၁၆ အုပ်၊ Biography ဆိုင်ရာ ၅၈ အုပ်၊ Encyclopedia နှင့် Dictionary သုံးအုပ်၊ Film music ၁၁ အုပ်၊ Techniques ၄၄ အုပ်၊ Theatre နှစ်အုပ်၊ shooting တစ်အုပ်၊ Censor တစ်အုပ်၊ Novel ၃၀၊ History နှစ်အုပ်၊ General ၂၇ အုပ် စုစုပေါင်း ၂၈၁ အုပ်ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာကြော်ငြာခနှုန်းထားများ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 17, 2025

မှတ်ချက် (၁) အထက်ဖော်ပြပါ ကြော်ငြာနှုန်းထားများအား ၁-၄-၂၀၂၅ ရက်နေ့မှစ၍ ကောက်ခံသွားမည်ဖြစ်ပါသည်။
(၂) ကြော်ငြာဒီဇိုင်းများပေးပို့ရာ၌ Photoshop CMYK, Resolution 300, JPG File (or) PDF File ဖြင့် ပေးပို့ရန်ဖြစ်ပါသည်။
(၃) ကြော်ငြာရှင်များအနေဖြင့် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွင် ကြော်ငြာထည့်သွင်းရာ၌ အဆင်ပြေချောမွေ့စွာ ထည့်သွင်းနိုင်ရန်အတွက် မြန်မာ့အလင်း၊ ကြေးမုံကြော်ငြာများကို ရန်ကုန်မြို့အတွင်း အောက်ပါကြော်ငြာဌာနများ၌ ထည့်သွင်းနိုင်ပါသည်-
မြန်မာ့အလင်းသတင်းစာတိုက်
အမှတ်(၅၃)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ၀၁-၅၄၅၈၃၄ ၊ ၀၁-၅၅၉၁၁၈
ကြေးမုံသတင်းစာတိုက်
အမှတ်(၇၇)၊ ၅၂ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ၀၁-၂၉၉၄၂၇ ၊ ၀၁-၃၉၇၃၃၀
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းစာအုပ်ဆိုင်
အမှတ်(၁၇၃/၁၇၅)၊ ပန်းဆိုးတန်းလမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၄၈၁၀၁ ၊ ၀၁-၂၄၈၁၀၂