မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေ ၁ စင်းပေါ်တွင် လိုက်ပါလာသူများအား တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 10, 2026
image_latest

နေပြည်တော် ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ တောင်ဘက်ရေမိုင် ၁၅၆ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအား တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ တောင်ဘက်ရေမိုင် ၁၅၆ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လှေတစ်စင်းရေဝင်နစ်မြုပ်နေကြောင်း ဇောတိကရေနံစင်၏ အထောက်အကူပြုရေယာဉ်များ၏ သတင်းပေးပို့မှုအရ ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ် ၁ စီးနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ် ၁ စီးတို့သည် ဇောတိကရေနံစင်၏ အထောက်အကူပြု ရေယာဉ်များနှင့် ပူးပေါင်းပြီး သွားရောက်၍ ကူညီကယ်ဆယ်ရေးမှုများ ဆောင်ရွက်ခဲ့ရာ အဆိုပါလှေပေါ်၌ လိုက်ပါလာသူများအနက် ၈၆ ဦးတို့ကို စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေး အဆိုပါရေဝင်နစ်မြုပ်ခဲ့သည့် လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျစောင့်ရှောက်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023