ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီး တစ်ဦး သေဆုံး

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 09, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီး  တစ်ဦး သေဆုံးမှု ဖြစ်စဉ်မှ မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။

     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မော်တော်ယာဉ် ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊  မင်္ဂလာဒုံ မြို့နယ်၊ ရေကြည်အိုင်ကားမှတ်တိုင်အနီး၌ ယာဉ်ပေါ်မှပြုတ်ကျ၍ အမျိုးသမီး တစ်ဦး သေဆုံး သွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ ဟိန်းထက်စိုး(၂၅)နှစ်သည် YGN-5/8J-XXXX I ZONE မော်တော်ယာဉ်အား မောင်းနှင်လာစဉ် အခင်းဖြစ် နေရာအရောက်၌ ယာဉ်နောက်တွင် လိုက်ပါလာသူ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်နေ မနီနီမိုး(၂၈)နှစ်သည် ယာဉ်ပေါ်မှ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့သောကြောင့် ဟိန်းထက်စိုး အား မင်္ဂလာဒုံမြို့မရဲစန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023