ရမည်းသင်းမြို့နယ် သစ်ဆုံလေးကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြေသားမိုးရေလှောင်ကန်ပြုပြင်တူးဖော် ဆောင်ရွက်နိုင်ရေးကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / April 27, 2026
image_latest

ရမည်းသင်းမြို့နယ် သစ်ဆုံလေးကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြေသားမိုးရေလှောင်ကန်ပြုပြင်တူးဖော် ဆောင်ရွက်နိုင်ရေးကြည့်ရှုစစ်ဆေး

ရမည်းသင်း ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရမည်းသင်းမြို့နယ်၊ သစ်ဆုံလေးကျေးရွာတွင် ၂၀၂၆- ၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် မြေသားမိုးရေလှောင်ကန်ပြုပြင်တူးဖော် ဆောင်ရွက်နိုင်ရေး လက်ရှိမြေပြင်အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် ဝန်ထမ်းများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြေသားမိုးရေလှောင်ကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး လက်ရှိမြေပြင် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားပါသည်။

သစ်ဆုံလေးကျေးရွာ မြေသားမိုးရေလှောင်ကန်ပြုပြင်ခြင်း အလျားပေ ၃၀၀ ၊ အနံပေ ၁၅၀ ၊ အနက် ၅ ပေ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ရက် (၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၆၁ အိမ်၊ လူဦးရေ ၈၅၀ ဦးနှင့် ကျွဲနွားတိရစ္ဆာန်တို့အတွက် ရာသီမရွေးသောက်သုံးရေများ အဆင်ပြေနိုင်မှာဖြစ်ကြောင်း  ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်ထံမှ သိရသည်။

သန်းလွင်(မကွေး)

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on April 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 27, 2026

ဗီဒီယိုများ