ရာသီဥတုပြောင်းလဲမှုကိုသတိပြု သဘာဝဘေးအန္တရာယ်ကာကွယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2025
image_latest


ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များ ဆိုးရွားစွာခံစားကြရသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ မကြာသေးသော နှစ်ကာလများအတွင်းက မုန်တိုင်းသဘာဝဘေးဒဏ်၊ ရေကြီးရေလျှံသဘာဝဘေးဒဏ်နှင့် ယခုနှစ်တွင် အင်အားအလွန်ပြင်းထန်သော ငလျင်ဘေးဒဏ်တို့ကို ခံစားခဲ့ရသည်။ သဘာဝဘေးဒဏ်ကိုခံကြရသော်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် စည်းလုံးညီညွတ်သောအားမာန်များကြောင့် သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံကာ ကျော်လွှားနိုင်ခဲ့သည်။

လက်ရှိတွင် မန္တလေးငလျင်ဘေးဒဏ်ကို ခံစားခဲ့ရခြင်းနှင့်အတူ နွေရာသီကာလပုံမှန်အပူချိန်ထက် လွန်ကဲသော အပူဒဏ်အန္တရာယ်ကိုလည်း ကြုံတွေ့ခံစားနေကြရသည်။ နွေရာသီကာလတွင် ယခင်နှစ်များနည်းတူ အမြင့်ဆုံးအပူချိန်ကို ခံစားကြရသော်လည်း အပူရှိန်ပိုမိုပူပြင်းမှုကို ခံစားကြရသည်မှာ ကမ္ဘာကြီးတွင် ဖန်လုံအိမ်အာနိသင်မြင့်မားနေသောကြောင့်ဖြစ်သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့် မြေပြန့်ဒေသများတွင်သာမက ကုန်းမြင့်၊ တောင်တန်း၊ ပင်လယ်ကမ်းရိုးတန်းပါမကျန် အပူရှိန်မြင့်မားမှုကို ခံစားနေကြရသည်။ စက်မှုခေတ်မတိုင်ခင်က အပူချိန်ထက် ၂ ဒီဂရီ စင်တီဂရိတ်မြင့်တက်လာနိုင်မှုကို ဟန့််တားနိုင်ရန် ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိလျှော့ချနိုင်ရန် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ကမ္ဘာကြီးကို လွှမ်းခြုံထားသော ကမ္ဘာ့လေထုတွင်ပါဝင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ ရေငွေ့၊ အိုဇုန်း၊ နိုက်ထရပ်စ်အောက်ဆိုက်နှင့် ဖလူအိုရင်းပါဝင်သောဓာတ်ငွေ့များသည် နေမှကမ္ဘာသို့ တိုက်ရိုက်ကျရောက်သော ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည် စသည့်လျှပ်စစ်သံလိုက်လှိုင်းများကို စုပ်ယူသကဲ့သို့ ယင်းအပူရောင်ခြည်များကို ကမ္ဘာမြေပြင်မှ အရပ်မျက်နှာအားလုံးသို့ ပြန်လည်ထုတ်လွှတ်ခြင်းနှင့် ကမ္ဘာမြေကြီးအား အပူလှိုင်းများက လွှမ်းခြုံထားခြင်းဖြင့် ကမ္ဘာကြီးပူနွေးမှုကို ပိုမိုဖြစ်စေသည်။ ကမ္ဘာကြီးပူနွေးလာခြင်းသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု များပြားလာခြင်းကြောင့်ဖြစ်၍ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန်အတွက် ရုပ်ကြွင်းလောင်စာသုံးစွဲမှုကိုလျှော့ချရန်၊ အစားထိုးလောင်စာ ပြန်လည်ပြည့်ဖြိုးမြဲလောင်စာများကို ပိုမိုသုံးစွဲကြရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကမ္ဘာပေါ်တွင် အနည်းဆုံးနိုင်ငံစာရင်းတွင် ပါဝင်သော်လည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံစားရဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေသောကြောင့် ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းကဲ့သို့ သဘာဝဘေးဒဏ်များကို နှစ်စဉ်ကြုံတွေ့ခံစားနေကြရသည်ကို သတိပြုမိကြရမည်ဖြစ်သည်။ လက်ရှိ၌ မြန်မာနိုင်ငံတွင် အပူရှိန်မြင့်မားလာခြင်းကြောင့် အပူပြန်တိမ်တိုက်များဖြစ်ပေါ်ပြီး လေပူလှိုင်းနှင့် လေအေးလှိုင်းများထိတွေ့ကာ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံနည်းကျအချက်အလက်များနှင့် အဆင့်မြင့် မိုးလေဝသခန့်မှန်းချက်များကို သိရှိနားလည်စေရေး အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ဥယျာဉ်ခြံမြေများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြစ်ဝှမ်းများနှင့် ရေစီမံခန့်ခွဲရေး၊ စိုက်ပျိုးရေးနှင့် အစားအစာဖူလုံရေး၊ စွမ်းအင်ဖူလုံရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အကျိုးရှိထိရောက်စွာအသုံးပြုရေး၊ ရေအရင်းအမြစ်နှင့် မြေဆီလွှာထိန်းသိမ်းရေး၊ သစ်တောများ ထိန်းသိမ်းရေး၊ ကမ်းရိုးတန်းဒေသစီမံခန့်ခွဲရေး၊ အဏ္ဏဝါထိန်းသိမ်းစောင့်ရှောက်ရေး၊ စက်မှုလုပ်ငန်းများနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်သည့် မြို့ပြထူထောင်ရေးစသည့် အခြေခံအဆောက်အအုံတည်ဆောက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

အနောက်တောင်မုတ်သုံလေသည် မေလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၂၁ ရက်နေ့မှ ၂၅ ရက် နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း ဝင်ရောက်နိုင်သည်ဟု မိုးလေဝသကခန့်မှန်းထားသည်။ အနောက်တောင်မုတ်သုံလေဝင်ရောက်သည့်အခါ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်နိုင်သည်ဟု ခန့်မှန်းထားသဖြင့် ရေကြီးရေလျှံ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိတွင် ငလျင်ဒဏ်ကို ခံစားနေကြစဉ် အပူဒဏ်အန္တရာယ်ကိုပါ ကြုံတွေ့ခံစားနေကြရပြီး မကြာမီကာလတွင် အနောက်တောင်မုတ်သုံလေ ဝင်ရောက်လာမည်ဖြစ်သောကြောင့် ပုံမှန်မိုးရာသီကာလထက် လွန်ကဲသော မိုးကြီးလေထန်မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုပြင်ဆင်ထားပြီး ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ မုတ်သုံရာသီ၌ ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်းလက်တွဲပြီး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023