လွိုင်လင်မြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ တန် ကျော်ဖမ်းဆီးရမိ
လွိုင်လင်မြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ တန် ကျော်ဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၆ နာရီအချိန် လွိုင်လင်မြို့၊ ရပ်ကွက် (၂)၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျီတော်ရွာနေ တင်မျိုးထွန်း (၄၂) နှစ် မောင်းနှင်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နားဖရွာနေ ဇော်ဂွန်း (၂၈)နှစ် လိုက်ပါလာသော NISSAN ၆ ဘီး မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒဿမ ၁၁၇ တန် (၎င်းဒေသ တန်ဖိုးငွေကျပ် ၁၅ ဒသမ ၆၃၈ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိအိုက်စ် (မက်သ်အဖက် တမင်း) များအား သယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ မာဒီး (ခ) ဂွန်ဂျာအောင် (ဖမ်းဆီးရန်ကျန်) နှင့် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနေ တန်ဂွန်း (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ပြီး မိုင်းရယ်မှ ရန်ကုန်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on November 26, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on November 27, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အငယ်တန်းစာရေးနှင့်အဆင့်တူ ရာထူး ၉၀ နေရာ၊ အမှုတွဲထိန်းနှင့်အဆင့်တူရာထူး ၁၀ နေရာ၊ ရုံးအကူ/ စာပို့နှင့်အဆင့်တူ ရာထူး ၁၅ နေရာတို့အတွက် လျှောက်လွှာခေါ်ယူခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on November 27, 2025
လျှောက်လွှာပုံစံ- Form
