လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / January 15, 2025
image_latest


လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကျင်းပ

**************************************************************************

လှိုင်းဘွဲ    ဇန်နဝါရီ    ၁၅

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲ အခမ်း အနားကို  ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းက ဒိုင်းပြကျေးရွာအုပ်စု၊ ဒိုင်းပြကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ  ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ခန်းစာများကို လက်တွေ့အသုံးချပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိနိုင်သည်အထိ ဆောင်ရွက်ကြရန် မှာကြားကာ ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။

          ထို့နောက် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းမှ သင်တန်းဆရာအား အမှတ်တရလက်ဆောင်များနှင့် သင်တန်းတွင် တက်ရောက်ခဲ့ကြသော သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာမှ သင်တန်းသား ၁၀ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁ရက်မှ ၁၄ရက်နေ့ထိ နှစ်ပတ်ကြာ ဆိုင်ကယ်စက်ပြင် နည်းသင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 04, 2025

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 04, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 04, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023