ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 18, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၇

ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံမှ ဝါးထုတ်ကုန်များ ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်ရေးနှင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် “ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက် အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ-၂ ၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမင်းမင်းက ဝါးအရင်းအမြစ်များကို အသုံးပြုခြင်းဖြင့် လူနေမှုဘဝတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကိုလျှော့ချရေး၊ ပို့ကုန်အလားအလာရှိသည့် ဝါးထုတ်ကုန်ပစ္စည်းများ ကုန်သွယ်မှုမြှင့်တင်ရေး၊ ဝါးလက်မှုပစ္စည်းလုပ်ငန်းသည် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေပြီး ပြည်တွင်းခရီးသွားများသာမက နိုင်ငံခြားခရီးသွားဧည့်သည်များကိုပါ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များကို ဆန်းသစ်တီထွင်ထုတ်လုပ်ပြီး လက်ဆောင်ပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချပါက ဝါးတောင်သူများနှင့် ထုတ်လုပ်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည့် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်သည့်အတွက် ဝါးပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်ကအားပေး ဆောင်ရွက်လျက်ရှိသည့်အတွက် ဝါးတန်ဖိုးမြှင့်လုပ်ငန်းများ ထုတ်လုပ်တင်ပို့ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ကြောင်း၊ ဝါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါးထုတ်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဝါးထုတ်ကုန်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ဝါးဈေးကွက် အခြေအနေများ၊ ထုတ်ကုန်များထုတ်လုပ်မှုအခြေအနေများ၊ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဝါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါးသယံဇာတရေရှည်အသုံးချနိုင်ရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံလက်မှုအနုပညာအသင်း၊ မြန်မာနိုင်ငံကြိမ်ဝါးအသင်း၊ မျှစ် နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူမျိုးတူစုအဖွဲ့နှင့် ဆက်စပ်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 18, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / Posted on January 15, 2025

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို e-Pension ကတ်ဖြင့် Centralized e-Pension စနစ်မှ ထုတ်ယူရရှိနိုင်သည့် ဘဏ်ခွဲ(၁၆၅)ဘဏ်စာရင်းကြေညာခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂/၂၀၂၅)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on January 17, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂/၂၀၂၅)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023