ဝေါမြို့နယ် ဖက္ကလိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းမှချေးငွေများထုတ်ချေးပေး
ဝေါမြို့နယ် ဖက္ကလိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းမှချေးငွေများထုတ်ချေးပေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 18, 2026
ဝေါမြို့နယ် ဖက္ကလိပ်ကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းမှချေးငွေများထုတ်ချေးပေး
=====================================
ဝေါ၊ မေ-၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖက္ကလိပ်ကျေးရွာ၌ သတ္တမအကြိမ်မြောက်မြစိမ်း ရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများပြန်လည်ထုတ်ချေးပေးခြင်းကကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာများ၌ ဆောင်ရွက်ကြောင်းသိရသည်။
ရှေးဦးစွာ ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်တခြားစီးပွားရေးလုပ်များဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံ ကိန်းဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့်အကျိုး ကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်အကြောင်းအရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာ ဝန်နှင့်ခံစားခွင့်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကိုရှင်း လင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံ ကိန်းစက်ဝန်းကာလနှင့်အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံ ငွေကျပ် ၅၄ ဒဿမ ၉၀ သန်းကိုလွှဲပြောင်းပေး အပ်သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေး ရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဖက္ကလိပ်ကျေး ရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၉၃ ဦး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၃၆ ဦး၊ စုစု ပေါင်းအသင်းသားအသင်းသူ ၁၂၉ ဦးကို သတ္တမ အကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းအ ရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၄ ဒဿမ ၉၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကိုညို(ကျေးလက်)
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
