သင်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်ဆွေးနွေး
သင်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်ဆွေးနွေး
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 18, 2025

ဘားအံ - အောက်တိုဘာ (၁၈)
အခြေခံပညာကျောင်းများတွင် လက်ရှိသင်ကြားပေးနေသော သိပ္ပံဘာသာရပ်(ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဘာသာရပ်များအတွက် သက်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချနိုင်ရေး အရည်အသွေးမြှင့်သင်တန်းကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ် အတွင်းရှိ သိပ္ပံဘာသာတွဲ အထက်တန်းဆင့်သင် ဆရာ၊ဆရာမ(၄၉၂)ဦး တက်ရောက်ကြသည်။
ဦးစွာ သင်တန်းဖွင့်ပွဲကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(ဘားအံ)မှ ကျောင်းသား၊ကျောင်းသူ များက ငြိမ်းချမ်းပါစေ မြန်မာပြည် သီချင်းဖြင့် ကပြသီဆိုဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အခြေခံပညာကျောင်းများအနေဖြင့် ပညာရေးဝန်ကြီးဌာနမှဖြန့်ဝေထားသော သင်ထောက်ကူပစ္စည်းများကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးပြုသင်ကြားနိုင်မည်ဖြစ်ပြီး စာသင်ခန်းတွင်လက်တွေ့သင်ကြားချိန်တွင် သတ်မှတ်သင်ရိုး၊ သင်ချိန်များ နှင့်အညီ မိမိ၏သင်ခန်းစာများအတွက် ယုံကြည်မှုအပြည့်ဖြင့် သင်ကြားနိုင်မည်ဖြစ်သည့်အတွက် ယခုသင်တန်းတွင် ကြိုးစားလေ့လာကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက သင်တန်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ထား ရှိမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်က ဆရာ၊ဆရာမများ ဆွေးနွေးပွဲတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
အဆိုပါဆွေးနွေးပွဲကို သက်ဆိုင်ရာဘာသာရပ်များအလိုက် ဘားအံတက္ကသိုလ် ပါမောက္ခဌာနမှူးများ၊ ကထိ ကများနှင့်ဆရာ၊ဆရာမများက အောက်တိုဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ နှစ်ရက်ကြာဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 16, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on October 17, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 17, 2025
တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။