သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူးနှင့်အဖွဲ့ မကွေးမြို့နှင့် မြို့သစ်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 25, 2026
image_latest


မကွေး မတ် ၂၅

သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်သည် မကွေးတိုင်း ဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မကွေးမြို့၊ မြို့နယ်သမဝါယမအသင်းစုဆီစက်နှင့် မကွေးမြို့နယ် ရှားပင်လှ ကျေးရွာရှိ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် ဥစားကြက် မွေးမြူရေးလုပ်ငန်းနှင့်သမဝါယမထုတ်ကုန် အရောင်းဆိုင်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မကွေးမြို့နယ် ရှားပင်လှကျေးရွာရှိ သမဝါယမအသင်းစုချုပ်ပိုင် ရွှေတင့်တူး စိုက်ပျိုး မွေးမြူရေးဇုံအတွင်း သမဝါယမအသင်းစုချုပ်နှင့် သမဝါယမအသင်း များမှ ဒေသအတွင်း စားသုံးရန် လိုအပ်မှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ကြက်မွေးမြူရေးခြံသို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများ၏ ရှင်းလင်းဆွေးနွေးတင်ပြခဲ့မှု အပေါ်လိုအပ်သည်များ လမ်းညွှန် မှားကြားပြီးနောက် မကွေးမြို့နယ် သန်းတောကုန်းကျေးရွာရှိ မကွေးမြို့နယ် သမဝါယမအသင်းစု ဆီစက်သို့ ရောက်ရှိပြီး တာဝန်ရှိသူများက ဆီစက်လည်ပတ်မှုအခြေအနေ ကုန်ကြမ်းရရှိမှုနှင့် ကုန်ချော ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှု အခြေအနေ များအား ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးနှင့်အဖွဲ့က ဆီစက်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ လုံလောက်သည့် ကုန်ကြမ်းသိုလှောင်နိုင်ရေးနှင့် လိုအပ်သည့် စက်များ ဝယ်ယူဆောင်ရွက်ရန် မှာကြားခဲ့ ကာ မကွေးမြို့ပေါ်ရှိ သမဝါယမထုတ်ကုန် အရောင်းဆိုင် အားကြည့်ရှုစစ်ဆေး၍ သမဝါယမအသင်း အချင်းချင်း ကွန်ယက်ချိတ်ဆက်ရောင်းချနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးအကြံပြုခဲ့သည်။

ဆက်လက်ပြီး မြို့သစ်မြို့နယ် ယင်းနားကုန်း စိုက်/ထွေ သမဝါယမအသင်းသားတောင်သူများ၏ သက်တံရောင်စီမံကိန်းဖြင့် နွေစပါးစိုက်ဧက(၁၈၉)ဧကတွင် တစ်ဧကလျှင် (၃၀၄၅၀၀/-)နှုန်းတန်ဖိုးရှိသော သွင်းအားစုများ ပံ့ပိုးပေးထားသည့် နွေစပါး(အောင်နိုင်တိုး) စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေဖြိုးသာစိုက်/ထွေ သမဝါယမအသင်း၏ တန်(၃၀)ကျ ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on March 24, 2026

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံတွင် စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 22, 2026

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 22, 2026

၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော...

ဗီဒီယိုများ