သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်‌ရောက်


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / January 08, 2026


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ၇-၁-၂၀၂၆ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ တက္ကသိုလ်များနယ်မြေ (ရေဆင်း)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံတွင် မတူညီသော သဘာဝသစ်တော သစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် သစ်တောမျိုးစုံ ရှင်သန်ပေါက်ရောက်နေပြီး နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးတို့တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည့် အတွက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသော ဆောင်ပုဒ် ၃ ခုတွင်လည်း “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့် အချက် ကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအား အထူးအလေးအနက်ထားမှုကို မီးမောင်းထိုး ဖော်ပြထားပါကြောင်း၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်သည် အဆိုပါ ကဏ္ဍအတွက် လိုအပ်သော ပညာရှင်များအား နှစ်စဉ်မွေးထုတ်ပေးနေသည့် တက္ကသိုလ်တစ်ခုလည်းဖြစ်‌ကြောင်း၊ သစ်တောပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ်အဆင့် သစ်တောပညာ သင်ကြားမှုကို ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့ရာ ၂၀၂၃ နှစ်တွင် နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ အစဉ်အလာ ကြီးမားခဲ့သည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ ယခုပညာရည်ဆည်းပူးရန် ရောက်ရှိလာသော မောင်တို့မယ်တို့ အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိအောင် ကြိုးစားအားထုတ်စေလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်စေရန်အတွက် စွမ်းဆောင်ရည် ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်သည် မရှိမဖြစ် လိုအပ်ကြောင်း၊ အလားတူ လူတစ်ဦးချင်း တိုးတက်အောင်မြင်ဖို့နှင့် လူ့အဖွဲ့အစည်း တိုးတက်အောင်မြင်ရန်အတွက် စည်ကမ်းသည် အခြေခံ တစ်ခု ဖြစ်သည့်နှင့်အညီ မောင်တို့မယ်တို့ အနေဖြင့်လည်း စည်ကမ်းကောင်းမွန်ပြီး ထူးချွန်သည့် ကျောင်းသား ကျောင်းသူများဖြစ်အောင် ကျင့်ကြံ ကြိုးစားသွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးတို့က ကြိုဆိုနှုတ်ဆက် စကားများ အသီးသီးပြောကြားပြီး မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူများ ကိုယ်စား ပထမနှစ် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်အား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပထမနှစ်မှ ပဉ္စမနှစ်အထိ ပညာရည်ထူးချွန် ပထမဆုရ ကျောင်းသား ကျောင်းသူများအား လည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဒုတိယဆုနှင့် တတိယဆုရ ကျောင်းသား ကျောင်းသူများအား လည်းကောင်း ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ပြီး ကျောင်းသား ကျောင်းသူများ၏ အဆို၊ အက၊ တေးသရုပ်ဖော်တို့ဖြင့် သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှု အားပေးခဲ့သည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023