ဟင်္သာတ မြို့နယ်၌ အဆင့်မြင့် အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြား‌နေမှု စစ်ဆေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 18, 2026
image_latest


ဟင်္သာတ မြို့နယ်၌  အဆင့်မြင့် အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြား‌နေမှု စစ်ဆေး
‎=====================================
‎ဟင်္သာတ မေ ၁၆
‎ 
‎   သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်၊ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန် နှင့် ကျွမ်းကျင်လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍  ၂၀၂၆ -၂၀၂၇ ခု ဘဏ္ဍာ နှစ် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေး ဝမ်းကျောင်းအထောက် အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်း ဖွင့်လှစ် သင်ကြားနေမှုအခြေအနေများကို တာဝန်ရှိသူများ မှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြ ကြောင်းသိရသည်။
‎      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း  နှင့် ဝန်ထမ်းများမှ  အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်လှစ်သင်ကြားနေမှု အခြေ အနေများကို ကြည့်ရှု့စစ်ဆေးကြပြီး နောက်  သင်တန်းသူများနှင့်တွေ့ဆုံကာ မိသားစုအတွက်အပိုဝင်ငွေရှာဖွေပေးနိုင်သည်အထိကြိုးစားသင်ယူကြရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းနှင့် ရင်းနှီးမတည်ငွေများရရှိ ရေးဆောင်ရွက်ပေးမည်အခြေအနေများကို ဆွေး နွေးပြောကြားခဲ့ကြောင်းသိရသည်။
‎   ဟင်္သာတမြို့နယ်၌  နိုင်ငံ တော်ထောက်ပံ့ရန်ပုံငွေကျပ် ၅ ဒဿမ ၄၇၈  သန်းအသုံးပြုပြီး အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ကြောင်း၊ ဟင်္သာတမြို့နယ် နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြောင်း၊ အပ်ချုပ်စက်နှင့် ပတ်သက်၍  ကျွမ်းကျင်နည်း ပြဆရာမများက ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့မှစတင်ပြီး ဇွန်လ ၁၇ ရက်နေ့ အထိ ၄၅  ရက်ကြာ စာတွေ့လက်တွေ့နှစ်မျိုးဖြင့် အခမဲ့သင်ကြား‌ပေးနေခြင်းဖြစ်ကြောင်းသိရသည်။
‎ဇင်မာ

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

ဗီဒီယိုများ