အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 08, 2025

နေပြည်တော် စက်တင်ဘာ ၈
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Htein Lin Aung" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ မကျီးပင်ကွင်းကျေးရွာနေ ထိန်လင်းအောင်အား နေ့လယ် ၁၂ နာရီ ၂၅ မိနစ်တွင် ကျောင်းကုန်းမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 08, 2025
PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်အရ နိုင်ငံတော်၏စေတနာအမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သော PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များအား မိဘများထံအပ်နှံပြီးဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြည်တွင်း/ပြည်ပပစ္စည်းများဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 08, 2025
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉)မျိုးမှ ပစ္စည်း(၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊...
အငယ်တန်းစာရေးရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 08, 2025
အငယ်တန်းစာရေးရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း