အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ် ကရင်၊ မေ ၆


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန/ ကရင်ပြည်နယ် / May 13, 2025
image_latest


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံလူသုံး ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်၊ ပန်းတိမ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၆-၅-၂၀၂၅)ရက်နေ့၊ နံနက် (၁ဝး၀၀)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများ၊ လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ပန်းတိမ်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါသည်။ 

(၆-၅-၂၀၂၅) ရက်နေ့မှ (၁၀-၅-၂၀၂၅) ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချမည့် အဆိုပါ သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၉) ဦး၊ သင်တန်းသူ (၂၁)ဦး၊ စုစုပေါင်း (၃၀)ဦးတို့က တက်ရောက် သင်ကြား လျက်ရှိကြောင်း သိရှိရပါသည်။ 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

Travel Advisory (1/2025)

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန / Posted on May 12, 2025

ခရီးသွားအကြံပြုချက် (၁/၂၀၂၅)

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန / Posted on May 12, 2025

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023