အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန် သတ်မှတ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 21, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၁

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ အောက်ပါရုံးဖွင့်ရက်များကို တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်သည်-

(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (စနေနေ့)၊ ၂၉ ရက် (တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့) နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)၊

(ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် (တပေါင်းလပြည့်နေ့)၊ ၁၅ ရက် (စနေနေ့) နှင့် ၁၆ ရက် (တနင်္ဂနွေနေ့) တို့ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့၏ ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)၊

(ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်  (စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့) နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)၊

(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်  (ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက် (တနင်္ဂနွေနေ့) တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)။

အထက်ပါပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံးစနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်သည်။ ပထမရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက်ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက် (စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက် (စနေနေ့) နှင့် မတ်လ ၂၉ ရက် (စနေနေ့)၊ တတိယရုံးပိတ်ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက် (စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန / Posted on December 13, 2024

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on December 20, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023