အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲကျင်းပ
အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 28, 2026
နေပြည်တော် ဧပြီ ၂၇
အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် စတင်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းလောင်းများအနေဖြင့် မိမိတို့၏ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၌ လုပ်ငန်းကဏ္ဍအလိုက်၊ အဆင့်အလိုက် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးရှေးရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုနိုင်သည့် နိုင်ငံ့ဝန်ထမ်းအရာရှိကောင်းများ ဖြစ်လာစေရန် ယခုကဲ့သို့ သင်တန်းကို ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း။
အစိုးရသစ် စတင်တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံတော်မှချမှတ်ထားသော မူဝါဒကို ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ယူဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိကအခန်းကဏ္ဍမှပါဝင်၍ လိုက်ပါအကောင်အထည်ဖော်ရန်၊ ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်များကို ထဲထဲဝင်ဝင်သိရှိရန် အရေးကြီးပါကြောင်း။ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းကောင်းများဖြစ်စေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာစောင့်ထိန်းကြရန် တိုက်တွန်းမှာကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၇၆ ဦး၊ သင်တန်းသူ ၇၇ ဦး စုစုပေါင်း ၁၅၃ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၆ ပတ် ကြာမြင့်မည်ဖြစ်သည်။
ထို့နောက် ပင်မရုံးအစည်းဝေးခန်းမ၌ တက္ကသိုလ်မှ တာဝန်ရှိသူများက တက္ကသိုလ်၏ သမိုင်းကြောင်း၊ လုပ်ငန်းတာဝန်များနှင့် သင်တန်းများအောင်မြင်စွာဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြရာဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပြီး ရာထူးအဆင့်အလိုက် တက်ရောက်ရသော သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများကို အစိုးရသစ်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် ကိုက်ညီစေရေးပြင်ဆင်သွားရန်၊ အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းနှင့် ပတ်သက်၍ သိရှိနားလည်ကာ ပြည်သူ့အကျိုးကိုရှေးရှုသော၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးစီမံချက်များ ချမှတ်၍ လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။
ယင်းနောက် ရတနာခန်းမ၌ တက္ကသိုလ်မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားပြီး တက္ကသိုလ်တွင် ဖွင့်လှစ်မည့်သင်တန်းများအတွက် သင်တန်းဆောင်များနှင့် စာသင်ခန်းမများ ပြင်ဆင်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တက္ကသိုလ်တွင် သင်တန်းသား သင်တန်းသူများနှင့် ဝန်ထမ်းမိသားစုဝင်များ သက်သာချောင်ချိရေးအတွက် ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးထားရှိမှုနှင့် သင်တန်းရိက္ခာအဖြစ် မွေးမြူထားရှိသည့် အသားစားကြက်၊ ဥစားကြက်ခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on April 27, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 27, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 27, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
