အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 03, 2026
image_latest


နေပြည်တော် မေ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာယနေ့တွင် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန်နှင့် ရွှေမြို့ မွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူများအားတွေ့ဆုံသည်။

တွေ့ဆုံစဉ် မွေးမြူရေးဇုန်ဖွံ့ဖြိုးရေးနှင့် စံပြမွေးမြူရေးဇုန် ဖြစ်ပေါ်စေရေးအတွက် မိရိုးဖလာမွေးမြူရေးမှ ခေတ်မီမွေးမြူရေးစနစ်သို့ ပြောင်းလဲကြရန်၊ တိရစ္ဆာန် အမျိုးအစားအလိုက် အစားအစာများစနစ်တကျ စီမံဆောင်ရွက်ကြရန်၊ မွေးမြူရေးဇုန် ရေရှည်တည်တံ့စေရန်ဌာနနှင့် ပုဂ္ဂလိကတို့အကြား ဟန်ချက်ညီညီ ဆောင်ရွက်ကြရန်၊ ဌာနမှချမှတ် ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်၊ ဇုန်အတွင်း ဇီဝလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားရှိရန်၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချော ထုတ်လုပ်မှုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မွေးမြူရေးတောင်သူ ဦးမြတ်စံ၏ ဥစားကြက်အကောင် ၂၈၀၀၀ မွေးမြူထားရှိမှု၊ မွေးမြူရေးတောင်သူ ဦးမြတ်မင်းလတ်၏ ဒေသဆိတ်(ထိန်စမ်း) ၁၀၆ ကောင် မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးပြီး ပြည်သူများ၏အသားစားသုံးမှု တိုးတက်လာခြင်းအပေါ် အသားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေမှု၊ လက်ရှိထုတ်လုပ်မှု ကုန်ကျစရိတ်အောက် လျော့နည်းသက်သာစေမည့် နည်းစနစ်များကို လိုက်နာကျင့်သုံးပြီး လုပ်ငန်းတိုးတက်မှု အရှိန်မြှင့်တင်နိုင်ရေး အကြံပြုဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ရောက်ရှိပြီး မွေးမြူရေးအထူးပြုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း တက်ရောက်လျက်ရှိကြသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် မွေးမြူရေးဘာသာရပ် သင်ကြားပေးကြမည့် ဆရာဆရာမ ၁၂၅ ဦးအားတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

ဗီဒီယိုများ