အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယဆုရ မြန်မာအမျိုးသမီးအသင်း အကောင်းဆုံးဂိုးသမားဆုနှင့် သွင်းဂိုးအများဆုံးဆုများ ဆွတ်ခူးရရှိ
အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယဆုရ မြန်မာအမျိုးသမီးအသင်း အကောင်းဆုံးဂိုးသမားဆုနှင့် သွင်းဂိုးအများဆုံးဆုများ ဆွတ်ခူးရရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 21, 2025

ရန်ကုန် ဩဂုတ် ၂၀
ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အကောင်းဆုံးဂိုးသမားဆုနှင့် သွင်းဂိုးအများဆုံးဆု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲအပြီးတွင် သွင်းဂိုးအများဆုံးဆုနှင့် အကောင်းဆုံးဂိုးသမားဆုတို့ ရရှိခဲ့ခြင်းဖြစ်ပြီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက သွင်းဂိုးခုနစ်ဂိုးဖြင့် သွင်းဂိုးအများဆုံးရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဂိုးသမား မျိုးမြမြငြိမ်းသည် ပွဲအားလုံးတွင် ပြိုင်ဘက်အသင်းသွင်းယူသည့် ဂိုးသွင်းခွင့်များကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သဖြင့် အကောင်းဆုံးဂိုးသမားဆုရရှိခဲ့ခြင်းဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် ဗိုလ်လုပွဲမှလွဲ၍ အုပ်စုသုံးပွဲနှင့် ဆီမီးဖိုင်နယ်တို့တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး တီမောအသင်းနှင့် အုပ်စုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ ထို့ပြင် ပွဲစဉ်အလိုက် အကောင်းဆုံးဆုကိုလည်း သုံးပွဲဆက်တိုက်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ၁၀ နှစ်ကြာဝေးကွာနေသည့် ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့သော်လည်း သြစတြေးလျအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ- MFF
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 21, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 21, 2025
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
မျိုးဆက်သစ်ဝံသာနုပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 20, 2025
မျိုးဆက်သစ်ဝံသာနုပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း