အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ အတွင်းရေးမှူးချုပ်ရုံးနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် Webinar ကျင်းပပြုလုပ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / October 16, 2025
image_latest


အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centre on Integrated Rural Development for Asia and the Pacific - CIRDAP)နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် CIRDAP အတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ “How can we make Agri-cooperatives sustainable, enterprising & profitable; Success story of Mulkanoor Cooperative, India” ခေါင်းစဉ်ဖြင့် Online Webinar ကို ၁၆-၁၀-၂၀၂၅ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ နေ့လယ် ၁၃ နာရီ ၁၀ မိနစ်အထိ Zoom Platform ကို အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Webinar တွင် CIRDAP မှ Communication Officer Ms. Hurain Jannat က Coordinator အဖြစ် ဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံ၊ Mulkanoor ကျေးလက် ငွေစုငွေချေးနှင့်ဈေးကွက်ရှာဖွေရေး သမဝါယမအသင်းလီမိတက်၏ ဥက္ကဋ္ဌ Shri Aligi Reddy Praveen Reddy က Honourable  Speaker အဖြစ် ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ Webinar သို့ CIRDAP မှ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား သုတေသနညွှန်ကြားရေးမှူး Director Dr. Ganga Dutta Acharya ၊ Program Officer Dr. Babu Kaji Thapa နှင့် တာဝန်ရှိသူများ၊ CIRDAP အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးနှင့် ညွှန်ကြားရေးမှူးများ၊ CIRDAP Myanmar မှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နိုင်ငံတကာဆက်ဆံရေး ဌာနခွဲမှ တာဝန်ရှိသူများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်း (၁၂၇)ဦးနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံနှင့် ဆရာ၊ ဆရာမ (၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။ 
အဆိုပါ Webinar တွင် Mulkanoor သမဝါယမအသင်း၏ ဥက္ကဋ္ဌမှ သမဝါယမအသင်း မဖွဲ့စည်းမီနှင့် အောင်မြင်ဖြစ်ထွန်းတိုးတက်လာမှုအခြေအနေများ၊ အသင်း၏ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ၊ အသင်းဝင်လိုအပ်ချက်နှင့် လုပ်ထုံးလုပ်နည်းများ၊ အသင်း၏ဝန်ဆောင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုအပေါ် အာမခံချက်များ၊ အသင်းသားများ၏ သက်သာချောင်ချိရေး ဆောင်ရွက် ပေးမှုများ၊ အသင်းအောင်မြင်ရသည့် အကြောင်းရင်းများ၊ စွန့်ဦးတီထွင်မှုနှင့် အမြတ်အစွန်းရရှိအောင် ဆောင်ရွက်ခဲ့မှုများ၊ Mulkanoor စိုက်ပျိုးရေးသမဝါယမအသင်းကို ရေရှည်တည်တံ့ခိုင်မြဲရန် ဆောင်ရွက်ခဲ့မှုများ အစရှိသဖြင့် ပြည့်စုံစွာ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး အမေး၊ အဖြေကဏ္ဍ (Q&A Session) တွင် CIRDAP မှ Director Dr. Ganga နှင့် CIRDAP အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ သမဝါယမဦးစီးဌာန၊ သမဝါယမမူဝါဒ လုပ်ထုံးလုပ်နည်းနှင့် ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်တို့မှ သိရှိလိုသည့် မေးခွန်းများ မေးမြန်းခဲ့ကြပြီး Speaker Shri Aligi Reddy Praveen Reddy မှ ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြောင်းနှင့် အကျိုးရှိထိရောက်သည့် Webinar တစ်ခုဖြစ်ကြောင်း သတင်း ရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 17, 2025

တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 16, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on June 02, 2025

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023