ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ စက္ကော့-ဇလွန်-ဓနုဖြူကားလမ်း မိုင်တိုင်အမှတ် ၁၈ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိုက်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 31, 2025


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ စက္ကော့-ဇလွန်-ဓနုဖြူကားလမ်း မိုင်တိုင်အမှတ် ၁၈ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ဇလွန်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဇင်မင်းထွေး မောင်းနှင်လာသော ယာဉ်အမှတ် 9F-XXXX FUSO ကုန်တင်မော်တော်ယာဉ်သည် လမ်းဘေးတွင် ရပ်ထားသော ယာဉ်အမှတ် 7L-XXXX MITSUBISHI တွဲမော်တော်ယာဉ်၏ နောက်ပိုင်းအား ယာဉ်မောင်းအိပ်ငိုက်၍ ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၅၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။ 

     အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်အမှတ် 9F-XXXX FUSO ယာဉ်မောင်း ဦးဇင်မင်းထွေး (သေဆုံး)၊ ယာဉ်နောက်လိုက် ဦးစန်းဌေးဦး(မစိုးရိမ်ရ)တို့အား ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးဇင်မင်းထွေးအား  ဓနုဖြူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန / Posted on March 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on March 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ဗီဒီယိုများ