ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / April 29, 2026
ပုသိမ် ဧပြီ ၂၈
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းနှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကယနေ့အခမ်းအနားသည် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၆) World Immunization Week 2026 အထိမ်းအမှတ် အနေဖြင့်ဆောင်ရွက်သည့် အခမ်းအနားပဲဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ ဆောင်ပုဒ်မှာ "For every generation, vaccines work" ဖြစ်ပြီး မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား" ဟူ၍ ဖြစ်ပါကြောင်း၊ ယနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်ရွက်ရသည့် အဓိက ရည်ရွယ်ချက်မှာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာ မရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုမှတားဆီးပေးနိုင်ကြောင်း အသိပညာမြှင့်တင်ရန်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းသည် နှစ်စဉ်အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာမှုများ အောင်မြင်မှုပြယုဂ် တစ်ခုဖြစ်၍ ကမ္ဘာတစ်လွှားမှာ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက် ရှိသော ရောဂါပေါင်း (၃၀)ကျော်ကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကာကွယ်ဟန့်တားနိုင်ခဲ့ပါကြောင်း၊ ယနေ့ဆောင်ရွက်သည့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုတိုးတက်လာရန်အတွက် ပြည်သူလူထုက ကာကွယ်ဆေးများ အပေါ် ယုံကြည်အားကိုးမှု ပိုမိုတိုးပွားလာပြီး ကာကွယ်ဆေးထိုးနှံနိုင်ရေးသည် မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်သော လုပ်ငန်းအဖြစ် Ownership ရရှိလာစေရန်၊ ကာကွယ်ဆေးထိုးနှံခြင်း အကျိုးကျေးဇူးများအပေါ် ပြည်သူလူထုမှ ပိုမိုသတိပြုမိလာစေရန်နှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပိုမိုပါဝင်ကူညီလာစေရန်အတွက် ရည်ရွယ် ထားရှိပါကြောင်း" တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား" Documentary Storyနှင့် ၂ဝ၂၆ ခုနှစ် ကမ္ဘာ့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား တေးသီချင်းဗီဒီယိုတို့ကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးနေမှုများအား ကြည့်ရှု အားပေးခဲ့ပြီး ကလေးငယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကိုယ်ဝန်ဆောင်အားဆေးများ ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on April 27, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 27, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 27, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
