၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 22, 2025

ရန်ကုန် အောက်တိုဘာ ၂၁
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံအားကစားကွင်း၊ သီဟဒီပအားကစားကွင်းနှင့် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ(စက်ဘီးကွင်း)တို့၌ ဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့်ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဧရာဝတီတိုင်းဒေသကြီးအသင်းကနှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တောင်ဒဂုံအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်းက ခြောက်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မွန်ပြည်နယ်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသွားကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ပဒုမ္မာကွင်း၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း (၁)ရှိ(စက်ဘီးကွင်း)၌ မွန်ပြည်နယ်အသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အားကစားဝါသနာရှင်မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 22, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 21, 2025
တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 21, 2025
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း