၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ တတိယနေ့ ဆက်လက်ကျင်းပ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၈၁၂ ဦးရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် လာရောက်ဖြေဆိုသူ ၃၃၆၄ ဦးရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2026
image_latest


နေပြည်တော် မတ် ၁၃

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားစာစစ်ဌာနအပါဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ကျင်းပသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၆ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၇၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၈၈၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာစာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၆၈၇၅၃ ဦးရှိပြီး စာမေးပွဲတတိယနေ့တွင် သင်္ချာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၈၁၂ ဦး၊ ပျက်ကွက် ၁၃၉၄၁ ဦးရှိကာ ဖြေဆိုသူ ၉၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိသည်။

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းစာစစ်ဌာန စုစုပေါင်း ၅၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၃၃၈၆ ဦးရှိပြီး စာမေးပွဲ တတိယနေ့တွင် စက်မှုကျောင်းသား ကျောင်းသူများက သင်္ချာဘာသာရပ်၊ စိုက်ပျိုးရေးကျောင်းသား ကျောင်းသူများက သီးနှံထုတ်လုပ်ရေး(၂) ဘာသာရပ်၊ မွေးမြူရေးကျောင်းသား ကျောင်းသူများက ဝက်မွေးမြူထုတ်လုပ် ရေးဘာသာရပ်တို့ကိုဖြေဆိုကြပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၃၃၆၄ ဦး၊ ပျက်ကွက် ၂၂ ဦးရှိကာ ဖြေဆိုသူ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အများပြည်သူသို့ အသိပေးကြေညာခြင်း

နေပြည်တော်ကောင်စီ / Posted on March 13, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ဗီဒီယိုများ