ကြည်ညိုဖူးမျှော် အောင်တော်မူစေတီတော်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 30, 2024
image_latest


မင်းလွင်ဦး(တန့်ယန်း)

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြတ်ဗုဒ္ဓ၏သာသနာတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် မြို့ကျက်သရေဆောင် စေတီတော်ကြီးတစ်ဆူ ပေါ်ထွန်းလာစေရန်အတွက် နေမိန္ဓရ ကုန်းတော်ပေါ်တွင် ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိသည့် အောင်တော်မူစေတီတော်မြတ်ကြီးအား တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ရွှေစင်တိပိဋက ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ၊ မိုင်းဖုန်း ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရ၊ တောင်တန်းသာသနာပြု ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်စုခမ်း)၊ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် သာသနဓဇဓမ္မာစရိယ သဓ္ဓမ္မဇောတ်ကဓဇ ဘဒ္ဒန္တကောလိယနှင့် ဆရာတော်ကြီးများ ဦးဆောင်ဦးရွက်ပြုကာ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များ၏ ပါဝင်လှူဒါန်း ကုသိုလ်ပြုမှုတို့ဖြင့် တည်ထားနိုင်ခဲ့ပြီဖြစ်သည်။

စေတီတော်မြတ်ကြီးသည် ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိသည့်အတွက် ဘာသာရေးထုံးတမ်းအစဉ်အလာများနှင့်အညီ မင်္ဂလာတော်အခမ်းအနားများကိုလည်း ဆင်ယင်ကျင်းပခဲ့သည့်အပြင် စေတီတော်ကြီး စတင်၍တည်ထားစဉ်ကပင် ထူးခြားသည့် ဝိသေသတို့ဖြင့်ပြည့်စုံခဲ့မှုကြောင့် ဆုတောင်းပြည့် စေတီတော်ကြီး တစ်ဆူ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

အောင်တော်မူစေတီတော်ကြီး၏ မြေသန့်မင်္ဂလာအခမ်းအနားကို ၁၃၈၁ - ခု ဝါခေါင်လပြည့်နေ့၊ ၂၀၁၉-ခု သြဂုတ်လ ၁၅ ရက်က ကျင်းပရာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကောလိယထံမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခွန်အောင် သွင်နှင့် အရာရှိကြီးများ၊ မြို့နယ်အဆင့်မှ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်၍ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်အပါး (၁၅၀) က အန္တရာယ်ကင်း မြေသန့်မင်္ဂလာနှင့် တိစီဝရိတ်ဆောင် ရဟန်း (၉) ပါးတို့က မဟာအာဋာနာဋိယ သုတ်တော် ကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။

ပန္နက်တော်တင်နှင့် တွင်းတော်ဝင်း မင်္ဂလာအခမ်းအနားကို ၁၃၈၁ - ခု တပေါင်းလဆန်း ၁၂ ရက်၊ ၂၀၂၀-ခုနှစ် မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုသလ၊ မြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ကောလိယနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များတို့က ပန္နက်တော်များ တင်လှူပူဇော်ကာ တဆက်တည်း တွင်းတော်ဝင်းမင်္ဂလာကို ကျင်းပခဲ့သည်။

ရတနာအုဌ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ၁၃၈၁ - ခု တပေါင်းလပြည့်နေ့၊ ၂၀၂၀-ခုနှစ် မတ်လ ၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ရွှေစင်တိပိဋကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ တာဝန်ရှိ ဌာန အကြီးအကဲများ၊ စေတနာရှင် အလှူရှင်များတို့က သတ်မှတ်နေရာအသီးသီးတို့၌ ရတနာအုဌ်များကို စီလှူ ပူဇော်ခဲ့သည်။

သတ္တသတ္တာဟ ရုပ်တုတော်များနှင့် ရဟန္တာ ရှစ်ဆယ်၊ နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များနှင့် ရွှေ၊ ငွေ၊ ရတနာပစ္စည်းများ ပါဝင်သော မူလဌာပနာတော်များ သွင်းလှူပူဇော်ပွဲ အခမ်းအနားကို ၁၃၈၂ - ခု နတ်တော်လဆန်း ၁၀ ရက်၊ ၂၀၂၀-ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ကျင်းပရာ စေတီတော်ကြီး၏ အလယ်ဗဟို ဌာပနာတိုက်တော်အတွင်း သွင်းလှူပူဇော်မည့် ဌာပနာတော်များကို ဆရာတော်ကြီးများ၊ သံဃာတော်များ ဦးဆောင်၍  တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များက မူလဌာပနာတော်များအား ပင့်ဆောင်၍ ဌာပနာတိုက်တော်အတွင်း သွင်းလှူပူဇော်ခဲ့သည်။

စေတီတော်ကြီး၏ အလယ်ဌာပနာတော်သွင်းမင်္ဂလာ အခမ်းအနားကို ၁၃၈၄ - ခု နတ်တော်လပြည့်၊ ၂၀၂၂-ခုနှစ် ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီက ကျင်းပရာ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပျဉ်ပုံကြီးကျေးရွာ ဘုရား ကျောင်းဆရာတော် ဘဒ္ဒန္တဉာဏ၊ လားရှိုးမြို့ ပါရမီကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောသဏ္ဍည၊ မြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော် သာသနဓဇဓမ္မာစရိယ သဓ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယနှင့် တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များက ဌာပနာတော်များအား သွင်းလှူပူဇော်ခဲ့သည်။

စေတီတော်ကြီး၏ အထက်ပစ္စယံ၌ တည်ထားတော်မူမည့် ကိုးတောင်ပြည့် အရံစေတီ ရှစ်ဆူအား ဌာပနာတော်သွင်းပူဇော်ပွဲကို ၁၃၈၅-ခုနှစ် နယုန်လဆန်း ၈ ရက်၊ ၂၀၂၃-ခုနှစ် မေလ ၂၆ ရက် နံနက်ပိုင်းက ကျင်းပရာ သြဝါဒါစရိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ အမှူးထား၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ စေတီတော်တည်ဆောက်ရေးနာယက ဦးစိုင်းမြင့်ဆွေ၊ ဦးစိုင်းရီထွန်း၊ တည်ဆောက်ရေးကော်မတီ ဥက္ကဌ ဦးစိုင်းရွှေလှ၊ အတွင်းရေးမှူး ဦးကျော်လှိုင်နှင့် ဘုရားဒါယိကာ ဒါယိကာမများက အရံစေတီတော်များအား ဌာပနာတော်များ သွင်းလှူ ပူဇော်ခဲ့ကြသည်။

ပန်းလည်တိုင်စိုက်ထူခြင်းကို ၁၃၈၆-ခုနှစ် တန်ခူးလဆန်း ၁၂ ရက်၊ ၂၀၂၄-ခု ဧပြီလ ၂၀ ရက်နေ့က အောင်တော်မူစေတီ တည်ဆောက်ရေးကော်မတီ သြဝါဒါစရိယ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလနှင့် လားရှိုးမြို့ ပါရမီကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောသဏ္ဍညတို့မှ ဦးဆောင်၍ ဆောင်ရွက်ပေးတော်မူကြပြီး အထက်ဌာပနာတော် သွင်းလှူခြင်းကို ၁၃၈၆-ခုနှစ် တန်ခူးလပြည့်နေ့၊ ၂၀၂၄-ခု ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန်က ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလနှင့် ကံဝိန်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဇဝန တို့က သွင်းလှူ ပူဇော်ပေးခဲ့ကြသည်။

ရွှေထီးတော် ဘုံအဆင့်ဆင့် တင်လှူခြင်း အခမ်းအနားတွင် ပထမဘုံ၊ ဒုတိယဘုံ၊ တတိယဘုံများကို ၁၃၈၆-ခုနှစ် တန်ခူးလဆန်း ၁၃ ရက်၊ ၂၀၂၄-ခု ဧပြီလ ၂၁ ရက်နေ့က လည်းကောင်း၊ စတုတ္ထဘုံ၊ ပဥ္စမဘုံ၊ ဆဌမဘုံ၊ သတ္တမဘုံများကို ၁၃၈၆-ခုနှစ် တန်ခူးလဆန်း ၁၄ ရက်၊ ၂၀၂၄-ခု ဧပြီလ ၂၂ ရက်နေ့က လည်းကောင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် အရံစေတီ ၈ ဆူတို့၏ ရွှေထီးတော်များကို ၁၃၈၆-ခုနှစ် တန်ခူးလပြည့်နေ့၊ ၂၀၂၄-ခု ဧပြီလ ၂၃ ရက်နေ့က ဝိဇ္ဇာထွဋ်ခေါင် နတ်ပန်းယာဉ်ပျံဖြင့် တင်လှူပူဇော် ခဲ့ကြသည်။

စေတီတော်ကြီးတွင် မြတ်ဗုဒ္ဓ၏ ခြေတော်ရာ၊ ရှင်သီဝလိနှင့် ရှင်ဥပဂုတ္တ ရုပ်ပွားတော်၊ လောကပါလ ရုပ်ထုတော်၊ တံခွန်တိုင်၊ နဂါးရုံဘုရား၊ သိမ်၊ ဓမ္မာရုံ စသည့် သာသနိက အဆောက်အဦ များစွာကိုလည်း တည်ဆောက်ပြီးစီးနေပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် အရံစေတီတော်များ၏ ရွှေထီးတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများကိုလည်း ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများနှင့်အညီ ကြီးကျယ်ခမ်းနား အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ပြီဖြစ်ရာ

  • နေမိန္ဓရ ကုန်းတော်လှ၌

ပြုကြကုသိုလ် များကြည်ညို၍

ကွန်းခိုကိန်းအောင်း နတ်လူပေါင်းကာ

သွန်းလောင်းဒါန အောင်ခဲ့ပြီ။

  • ဆရာဒါကာ ညီညွတ်စွာဖြင့်

ပေါင်းကာလက်တွဲ တူစုံနွှဲ၍

ပြုမြဲကုသိုလ် သဒ္ဒါပိုတော့

ညွှန်းဆိုပြရန် အောင်ခဲ့ပြီ။

  • သာယာအေးချမ်း မြို့တန့်ယန်း၌

ရွှင်လန်းကြည်သာ မျိုးဘာသာမို့

ရောင်ဝါထွန်းလင်း ရန်စွယ်ကင်း၍

ဂုဏ်ဝင်းတောက်ပ အောင်ခဲ့ပြီ။   ။

ဖြစ်ကြောင်း ရပ်နီးရပ်ဝေးအနယ်နယ်အရပ်ရပ်မှ အလှူရှင်စေတနာရှင်ပြည်သူများနှင့် ဒေသခံတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များ ကြည်ညိုပူဇော်နိုင်ရန် မှတ်တမ်းပြု ရေးသားပူဇော်အပ်ပါသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023