စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) အား ကြည့်ရှုစစ်ဆေး


စက်မှုဝန်ကြီးဌာန/ Ministerial Office / May 09, 2024


နေပြည်တော်၊ မေ(၅)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာချာလီသန်းသည် မေလ (၄) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ  (ရွှေတောင်)သို့ ရောက်ရှိပြီး ချည်များ အထည်ရက်လုပ်ခြင်း၊ ဆေးဆိုးပန်းရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရိုးရာရက်ကန်းစင်ဖြင့် အထည်များ ရက်လုပ်နေမှု၊ ဝါကြိတ်စက်များနှင့် ကုန်ချော၊ ကုန်ကြမ်း သိုလှောင်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အပူချိန်များ မြင့်မားနေသဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ရေးဆွဲထားရှိသည့် မီးဘေးလုံခြုံရေး စီမံချက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ မီးငြိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများကို ပြည့်စုံအောင် ဖြည့်ဆည်းထားရန်နှင့် လွယ်လင့်တကူ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ၊ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းလည်ပတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်အစီမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံရှိ တပ်ဆင်ထားသော စက်များအား စက်စွမ်းအားပြည့် အသုံးပြုလည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် ဝင်ငွေတိုးတက်ရရှိအောင် စီမံဆောင်ရွက်ရန်၊ ပြည်တွင်းဝါစိုက်ပျိုးထုတ်လုပ်မှုသည် ပြည်သူများ၏ ဝတ်ဆင်ရေးကဏ္ဍအတွက် လုံလောက်မှုရှိကြောင်းကို တွက်ချက်မှုများအရသိရှိရ၍ စက်ရုံရှိ ဝါကြိတ်စက်များ၊ ချည်ထုတ်လုပ်သည့်စက်များ၊ အထည်ရက်လုပ်ခြင်း၊ ဆေးဆိုးပန်းရိုက်ခြင်း စသည့်လုပ်ငန်းများကို စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ သို့မှသာ ပြည်ပမှ ချည်မျှင်နှင့်ပိတ်များ တင်သွင်းရမှုကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံခြားငွေအသုံးပြုရခြင်းမှ သက်သာမည်ဖြစ်၍ ကြိုးစားဆောင်ရွက်ရန်၊ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျှင် ဝါစိုက်တောင်သူများ ဝါဂွမ်းမှအထည်အလိပ်ဖြစ်သည်အထိ ဆောင်ရွက်ရသည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်နေသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် အလေးထားစီမံဆောင်ရွက်ရန်၊ ပြည်တွင်းမှထွက်ရှိသည့် ဝါများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းထက် ဝါကြိတ်စက်များဖြင့် ကြိတ်ခွဲပြီး ဝါဂွမ်းမှ ချည်မျှင်များ ထုတ်လုပ်တင်ပို့လျှင် ပိုမိုအကျိုးအမြတ်ရရှိမည်ဖြစ်၍ လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ရန်နှင့်ထုတ်ကုန်အရည်အသွေးများ ကောင်းမွန်ရန်အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်တွင် စစ်ဆေးရမည့်နေရာများ သတ်မှတ်၍ စစ်ဆေးဆောင်ရွက်ရန်၊ စက်ရုံအနေဖြင့် ဝါမှ ဝါဂွမ်း၊ ချည်မျှင်ထုတ်လုပ်ခြင်းလုပ်ငန်းများကို စက်စွမ်းအားပြည့် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် လိုအပ်သော စက်အရန်ပစ္စည်းများနှင့် ကုန်ကြမ်းများကို အချိန်မီရရှိအောင် စီမံဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေမှသာ တတ်မြောက်ထားသည့် ကျွမ်းကျင်မှုများသည်လည်း တိုးတက်လာမည်ဖြစ်၍ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန်၊ စက်ရုံတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန်၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သည် ကောင်းမွန်သည့် အစဉ်အလာများရှိပြီးဖြစ်၍ စက်ရုံတိုးတက်အောင်မြင်စေရေးအတွက် တွေ့ကြုံရမည့်စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအနေဖြင့် တတ်မြောက်ကျွမ်းကျင်ထားသည့် ပညာရပ်များဖြင့် ပြည်သူကို အလုပ်အကျွေးပြုနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
    ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်တွင်းကြီးမြို့ရှိ ဝါကြိတ် စက်ရုံ (တောင်တွင်းကြီး) သို့ ရောက်ရှိပြီး စက်များစမ်းသပ်လည်ပတ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုနှစ်ဝါရာသီတွင် အပြည့်အဝ ကြိတ်ခွဲနိုင်ရေးအတွက် ဝါကြိတ်စက်များအား အဆင်သင့်လည်ပတ်နိုင်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် လိုအပ်မည့် စက်အရန်ပစ္စည်းများကိုလည်း ဝယ်ယူဖြည့်ဆည်းထားရန်၊ ဝါကြိတ်စက်များအား တစ်ပတ်လျှင်တစ်ကြိမ် ဝန်မဲ့စမ်းသပ်လည်ပတ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်) 

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023