ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပပြီး ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 03, 2024
image_latest


ရန်ကုန် ဇူလိုင် ၂

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပပြီး ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေဆံတော်၊ ဓမ္မရာဇက၊ ထီးလိုမင်းလို၊ မြစေတီ၊ မနူဟာ၊ ဓမ္မရံကြီး၊ မဟာဗောဓိ၊ စူဠာမဏိ၊ ပြာသာဒ်ကြီး၊ သိကြားပုန်း၊ ပံ့သကူမဟာထေရ် စသည့်ရှေးဟောင်းဘုရား ၁၁ ဆူတွင် မတ်လပထမပတ်က မိုးကြိုးလွှဲများ တပ်ဆင်မှုပြီးစီးခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုဒေသပရိဝုဏ်အတွင်း၌ သန့်ရှင်းသာယာလှပစေရန် ချုံနွယ်များရှင်းလင်းခြင်း၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှိုက်ကန်ကြီးများနှင့် အမှိုက်ပုံးများထားရှိခြင်းတို့ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက် လျက်ရှိရာ လာမည့်ပွင့်လင်းရာသီတွင် ပုဂံယဉ်ကျေးမှုဒေသ၏အလှနှင့် သန့်ရှင်းသာယာလှပမှုကို ပိုမိုပေါ်လွင်စွာ တွေ့မြင်လာရမည်ဖြစ်ကြောင်း သိရသည်။

“ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်တဲ့အခါ အဆင်ပြေအောင် ရွှေဆံတော်၊ မင်းနန်သူ၊ စူဠာမဏိ၊ အာနန္ဒာ၊ ဓမ္မရံကြီး၊ ဓမ္မရာဇကဘုရားအပါအဝင် အထင်ကရဘုရား၊ စေတီတွေကိုသွားတဲ့လမ်းတွေကို ပြုပြင်တာ၊ ရေနုတ်မြောင်းတွေ ဆည်တာ၊ ရေဆင်းပိုက်လိုင်းကြီးတွေ တပ်ဆင်တာ၊ ရှေးဟောင်းရေကန်တွေ တူးဖော်တာနဲ့ လမ်းတွေပြုပြင်ဖာထေးတာ စတဲ့လုပ်ငန်းတွေကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရဲ့ အလှဟာ ပိုပြီးပေါ်လွင်လာမှာဖြစ်တဲ့အတွက် ခရီးသွားတွေပိုမိုဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လေ့လာကြည့်ရှုရာတွင် အဆင်ပြေချောမွေ့စေရန် စူဠာမဏိနှင့် ထီးလိုမင်းလို ဘုရားဝင်းအတွင်း၌ အုတ်၊ သဲ ကျောက်ပြားတို့ဖြင့် ပတ်လမ်း၊ လျှောက်လမ်းဖော်ဆောင်ခြင်းနှင့် ပတ်လမ်းနှင့် ဘုရားအကြား လစ်လပ်နေသောနေရာများ ခင်းကျင်းခြင်းလုပ်ငန်းကို အဆိုပါဘုရားများမှ တာဝန်ရှိသူများက ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွှေစည်းခုံစေတီတော်မြတ်အား လုံးတော်ပြည့်ရွှေစင်ရွှေပြားကပ်လှူခြင်းနှင့် လမ်းညွှန်အမှတ်အသားများ အသစ်ပြန်လည်ဆောင်ရွက်ခြင်းနှင့် ရုပ်စုံကျောင်းနှင့် ဦးကြံပေါ်တန်ဆောင်းပြုပြင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

ခန့်မှန်းထား

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် မိုးရာသီ၌ ခရီးသွားဝင်ရောက်မှုနည်းသော်လည်း နေ့စဉ်ခရီးသွား မပြတ်ဝင်ရောက်လျက်ရှိပြီး ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှစတင်၍ ခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများက ခန့်မှန်းထားသည်။

ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရာ၌ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် နိုင်ငံတော်မှချမှတ်ထားသော လူမှုရေးဦးတည်ချက်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံသားတိုင်း မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးလာစေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရှေးဘိုးဘွားများထားရှိခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ် ဒြပ်ရှိယဉ်ကျေးမှုရတနာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းကာကွယ်စောင့်ရှောက်သွားရန်နှင့် အမျိုးသားအမွေအနှစ်မှတစ်ဆင့် ကမ္ဘာ့အမွေအနှစ် ဒြပ်ရှိယဉ်ကျေးမှုများ ရေရှည်တည်တံ့စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

 ဓာတ်ပုံ-ကနူး

သတင်းစာများ

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

Statement by the Myanmar National Human Rights Commission in honour of Myanmar Women’s Day Statement No. (7/2024)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on July 02, 2024

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် ( ၇ /၂၀၂၄)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on July 02, 2024

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023