ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇)ရှိ နဝင်းချောင်းတံတား တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Naypyitaw State Academy တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဆောက်အဦဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၂၄၅/၇)တွင် တည်ဆောက် နေသည့် နဝင်းချောင်းတံတား အရှည်ပေ ၁၉၀ အား မူလနှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးခင်မောင်ဆွေက တံတားတိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ချောင်းရေတိုက်စားမှုမဖြစ်စေရေးနှင့် ရေလမ်းကြောင်း မှန်ကန်စေရေးတွက်ချက်ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန် စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ရန်၊ မိုးတွင်းကာလရောက်တော့မည်ဖြစ်၍ တံတားတိုင်လုပ်ငန်းများနှင့် မြေကာနံရံလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်သုံးစက်ယန္တရားများ စနစ်တကျသုံးစွဲစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအထူးအလေးထားဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် Naypyitaw State Academy ရှိ လေးထပ်စာသင်ဆောင်နှင့် ခြောက်ထပ်စာသင်ဆောင်များ ဆောင်ရွက်ပြီးစီးမှုကို လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘွဲ့နှင်းသဘင်ခန်းမ (Convocation Hall) တည်ဆောက်မည့်နေရာနှင့် Naypyitaw State Academy ပင်မဆောင်အရှေ့ မြေကွက်လပ်တွင် အပန်းဖြေဥယျာဉ်ငယ် (Recreation Park) ပြုလုပ်မည့်နေရာတို့တွင် မြေနေရာရှင်းလင်းခြင်း ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် လျာထားစီမံချက်များနှင့် ဒီဇိုင်းပုံစံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက Recrea-tion Park အား ဒီဇိုင်းရေးဆွဲရာ၌ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပရန်နှင့် အမြင်တင့်တယ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်တက်ရောက်သည့် ကျောင်းသား ကျောင်းသူများ အဆင့်တန်းရှိရှိ နားနေအပန်းဖြေနိုင်မည့် ဒီဇိုင်းပုံစံဖြစ်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်နှင့် လိုက်လျောညီထွေဖြစ်မည့် စိန်ပန်း၊ ပိတောက်၊ ခ‌ရေ၊ ကံ့ကော်တို့ဖြင့် လှပဝေဆာစေရေး စနစ်တကျပုံစံရေးဆွဲရန်တို့ကို တာဝန်ရှိသူအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 06, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on May 06, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ အနေကဇာတင်ပါဌ် (ပါဠိ-မြန်မာပြန်)

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 05, 2024

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023