မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတွေ့အကြုံများမျှဝေခြင်းအခမ်းအနား(၄/၂၀၂၄) ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024
image_latest


နေပြည်တော် မေ ၃

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတွေ့အကြုံများမျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၄/၂၀၂၄) ကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။

အလေ့အကျင့်ကောင်းများလို

အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံ၏ E-Governance အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေနှင့် E-Governance ၏ စာရင်းစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းများအပေါ် စိန်ခေါ်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်း/ အမှုထမ်းများ သိရှိနားလည်စေရန်အတွက် ယနေ့အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ E-Governance ပေါ်ပေါက်လာခြင်းဖြင့် များစွာသောအကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း စိန်ခေါ်မှုများလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု၏ ရည်ရွယ်ချက်များ အောင်မြင်နိုင်စေရန်အတွက် ကောင်းမွန်သော မဟာဗျူဟာများနှင့် အလေ့အကျင့်ကောင်းများ ပေါင်းစပ်ကျင့်သုံးသည့် အုပ်ချုပ်မှုစနစ် လိုအပ်ပါကြောင်း၊၊

အိန္ဒိယနိုင်ငံ၏ E-Governance အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် သတင်းအချက်အလက်နှင့် နည်းပညာအပေါ် အခြေခံ၍ စာရင်းစစ်ဆေးနည်းများ၊ ဌာနတွင်း ထိန်းချုပ်ကွပ်ကဲမှုစနစ်များ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်စည်းလိုက်နာမှုစနစ်များ၊ ခေတ်နှင့်လျော်ညီစွာ လိုက်နာကျင့်သုံးလျက်ရှိသည့် စာရင်းစစ်စံများ၊ ငွေပေးချေမှုစနစ်များထားရှိ ဆောင်ရွက်ခြင်းများကို လေ့လာသိရှိရခြင်းဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် E-Governance အသွင်ကူးပြောင်းရာတွင် ဌာနတွင်းစာရင်းစစ်ကဏ္ဍနှင့် E-Governance ၏ အခန်းကဏ္ဍတို့ကို ပိုမိုထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်များအပေါ် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ အရာထမ်းများ ပိုမိုသိရှိနားလည်လာစေခြင်းဖြင့် စွမ်းဆောင်ရည်ပြည့်ဝသည့်ဝန်ထမ်းများ မွေးထုတ်ရာတွင် များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အကြံပြုဆွေးနွေး

ထို့နောက် “Audit of E-Governance” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ (လက်ထောက်ညွှန်ကြားရေးမှူး) ဒေါ်ဝေဝေဖြိုးက အိန္ဒိယနိုင်ငံ၏ E-Governance ၏ စာရင်းစစ်ဆေးခြင်းနည်းလမ်းများ၊ ၎င်းစနစ်အတွင်း သုံးစွဲလျက်ရှိသော နည်းပညာများ၊ စနစ်များနှင့် လုံခြုံရေးပိုင်းဆိုင်ရာ စီမံဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင် E-Goverment အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဘဏ်တွင်းစာရင်းစစ်ဆေးရေးဌာနအနေဖြင့် စာရင်းစစ်ဆေးမှုများ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာထမ်းများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023