မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် ရေအခက်အခဲ ဆိုးရွားစွာ ကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024
image_latest


နေပြည်တော် မေ ၃

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် ရေအခက်အခဲ ဆိုးရွားစွာ ကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် Irrawaddy သတင်းဌာန လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများ ဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းသာဖြစ်ပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင်၊ အချုပ်ထောင်များတွင် လူဦးရေကျပ်တည်းမှုမရှိဘဲ တစ်နေ့လျှင် ရေချိုးချိန် နှစ်ကြိမ်ပေးထားပြီး စည်းကမ်းတကျ ရေချိုးခွင့်ပြုထားကာ ယနေ့အချိန်အထိ ရေပြတ်လပ်မှုမရှိဘဲ သောက်ရေ၊ သုံးရေ လုံလောက်စွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် အတ္တရံမြစ်မှ မြစ်ရေတင်စနစ်ဖြင့် ရေစစ်ကန် လေးကန်အား အဆင့်ဆင့်ဖြတ်ကျော်ပြီး အကျဉ်းထောင်အတွင်း ရေပေးပို့သုံးစွဲစေလျက်ရှိကာ မြစ်ရေတင်ပိုက်လိုင်း ဖြတ်သန်းသောလမ်းကြောင်းတွင်လည်း ဘဲမွေးမြူရေးကန်များ မရှိကြောင်း၊ သောက်ရေအတွက် အကျဉ်းထောင်အတွင်း အဝီစိတွင်းများမှ ရရှိသောရေများအား ရေသန့်စက်များဖြင့် သန့်စင်၍ သောက်ရေပေးဝေခြင်းအပြင် ပြင်ပရေသန့်ကားများဖြင့်လည်း အကျဉ်းထောင်အစီအစဉ်ဖြင့် သောက်ရေသန့်များ ဝယ်ယူဖြည့်တင်းပေးလျက်ရှိကြောင်း၊ အကျဉ်းသားတစ်ဦးလျှင် တစ်ရက်သောက်ရေ လေးလီတာနှင့် ချိုးရေဂါလန် ၃၀ အထိ သုံးစွဲခွင့်ပေးထားကြောင်း။

အလားတူ မုံရွာအကျဉ်းထောင်တွင် သောက်ရေသုံးရေ လုံလောက်စွာရရှိရေးအတွက် စည်ပင်သာယာရေးအဖွဲ့ ရေပေးဝေရေးစနစ်မှ အကျဉ်းထောင်သို့ ပိုက်လိုင်းသွယ်၍ ရေလှောင်ကန်နှစ်ကန်မှတစ်ဆင့် အကျဉ်းထောင်ရေသန့်စက်ရုံမှ ထုတ်ယူသုံးစွဲသည့်စနစ်ဖြင့် အကျဉ်းထောင်အိပ်ဆောင်များသို့ တစ်ရက်လျှင် ငါးကြိမ် ပို့လွှတ်သုံးစွဲစေလျက်ရှိကြောင်း၊ တစ်ဦးလျှင် သောက်ရေသုံးရေသတ်မှတ်ချက်အတိုင်း သုံးစွဲခွင့်ပြုထားကြောင်း၊ ထိန်းသိမ်းထားရှိသည့် အကျဉ်းသား အကျဉ်းသူများအနက် အရေပြားယားနာဖြစ်ပွားသူများမရှိဘဲ အိပ်ဆောင်များတွင် လေဝင်လေထွက်ကောင်းမွန်ပြီး ပန်ကာများလည်း တပ်ဆင်ပေးထားခြင်းကြောင့် အပူနာများဖြစ်ပွားမှုများလည်းမရှိကြောင်း၊ အကျဉ်းထောင်ဆရာဝန်နှင့် ကျန်းမာရေးအဖွဲ့များကလည်း နေ့/ညမည်သည့်အချိန်တွင်မဆို လိုအပ်သည့်ကျန်းမာရေးဆေးဝါးကုသမှုများအား အချိန်ပြည့်ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူများထံ စိစစ်ချက်အရ သိရသည်။

ထို့ပြင် သရက်အကျဉ်းထောင်တွင် အကျဉ်းထောင်အတွင်း စက်ရေတွင်း ၁၂ တွင်း၊ ၂၇၆ဝ watt ရှိ နေရာင်ခြည်သုံးဆိုလာစနစ် လေးလက်မ ရေတင်စက် နှစ်လုံးတို့ရှိပြီး ၎င်းစက်ရေတွင်းများမှ သောက်ရေသုံးရေများကို အကျဉ်းထောင်အတွင်း ရေသန့်စက်ရုံများမှ အိပ်ဆောင်များအား လုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မြင်းခြံဗဟိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်နှင့် ရမည်းသင်းအကျဉ်းထောင်တို့တွင်လည်း အကျဉ်းထောင်၏ ရေသန့်စက်ရုံမှ RO စနစ်ဖြင့် အကျဉ်းသား အကျဉ်းသူများအတွက် သောက်ရေသုံးရေများကို လုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် သောက်ရေသုံးရေများ လုံလောက်မှုရှိသောကြောင့် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၌အပူကန်ခြင်း၊ အရေပြားယားနာများနှင့် အပူနာခြင်းများ ဖြစ်ပွားနေခြင်းမရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူများထံ စိစစ်ချက်အရ သိရသည်။

Irrawaddy သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်သည် အကျဉ်းထောင်တာဝန်ရှိသူများကို ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ထိုးနှက်တိုက်ခိုက်သော သတင်းတု၊ သတင်းမှားများသာ ဖြစ်သည်။

(မိုးမြင့်)

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023