ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 30, 2024
image_latest


ဘားအံ ဧပြီ ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူများ ဝင်ရောက်နေထိုင်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်အတွက် တပ်မတော်မှ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ရပြီး ယခုအခါ ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ ယာယီပြောင်းရွှေ့နေထိုင်သည့် နေရာများမှ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြမည့် နေရပ်ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေါ်နခန်းမ၌ နေရပ်ပြန်ပြည်သူများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးဖြစ်သည့်အတွက် ၅ လကြာယာယီပြောင်းရွေ့နေထိုင်ကြသည့် ဒေသခံပြည်သူများ မိမိနေရပ်သို့ ပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း၊ ယာယီပြောင်းရွှေ့နေထိုင်ကြရသည့်ကာလတွင်လည်း စားသောက်နေထိုင်ရေးအဆင်ပြေစေရန် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် အိမ်ထောင်စုများကိုလည်း ဆက်လက်ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းများကို လိုက်လံကောက်ယူလျက်ရှိပြီး ဆုံးရှုံးမှုအနည်းအများအလိုက် ကူညီထောက်ပံ့ပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်အဆင့်ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က ကော့ကရိတ်မြို့အတွင်း ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက ကော့ကရိတ်မြို့အတွင်း အိမ်ထောင်စုများ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြသည့် အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကော့ကရိတ်မြို့တွင်း ပြန်လည်နေထိုင်ကြသည့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၉၀၀၀၆၀ဝိ/-၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့ကို ထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စုများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ကော့ကရိတ်မြို့တွင်း ပြန်လည်နေထိုင်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့ကရိတ်မြို့တောင်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တသီရိဓမ္မအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များကို လျှောက်ထားတင်ပြကာ ဆန်၊ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့ကရိတ်မြို့အတွင်း ဝင်ရောက်နေထိုင်ပြီးတိုက်ပွဲဖော်ဆောင်မှုကြောင့် ထိခိုက်ပျက်စီးသွားသော ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံ၊ မီးလောင်ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်အဆောက်အဦများ၊ ဈေးဆိုင်ခန်းများ၊ ဘာသာရေးအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး နေရပ်ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ အပျက်အစီးများအား လိုက်လံရှင်းလင်းပေးနေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နဘူးတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်းအားပေးကာ အာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ကြပြီး အဆိုပါတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့် အထွေထွေအသုံးစရိတ်ငွေကျပ် (၃) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပေါ်ရှိ ကော့ပေါ်အင်းတံတားချဉ်းကပ်လမ်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းနေမှုအခြေအနေ၊ အရှည် ၅၀ ပေ အကျယ် ၃၀ ပေရှိ တံတားအမှတ် ၆/၄၄ သံကူကွန်ကရစ်တံတားတည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အရှည်ပေ ၉၀၊ အကျယ် ၃၀ပေရှိ တံတားအမှတ် ၃/၄၇ သံကူကွန်ကရစ်တံတား အမျိုးအစား ၇၀ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အရှည် ၈၀ ပေ အကျယ် ၃၀ ပေရှိ တံတား အမှတ် ၁/၅၄ တည်ဆောက်ရေးလုပ်ငန်းနှင့် အဆိုပါလမ်း ၈၆ ဒဿမ ၅ ကီလိုမီတာမှ ၈၇ ကီလိုမီတာ လမ်းပိုင်းကို ၁၈ ပေ အကျယ်ကတ္တရာလမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညို၊ တံတားအထူးအဖွဲ့ ၁၄ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ ၊ မေ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023