ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံ ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


စက်မှုဝန်ကြီးဌာန/ Ministerial Office / May 09, 2024


နေပြည်တော်၊ မေ(၃)
    ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံ ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
    ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ယခုအစည်းအဝေးကို အထည်အလိပ်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် အခက်အခဲများနှင့် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်နိုင်ရေးအတွက် Stakeholder များ အားလုံးပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရန်၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် Upstream ဖြစ်သည့် ဝါစိုက်ပျိုးထုတ်လုပ်ခြင်း၊ Middle Stream ဖြစ်သည့် ဝါဂွမ်းမှချည်မျှင်နှင့်အထည်အလိပ်ထုတ်လုပ်ခြင်း၊ Down Stream ဖြစ်သည့် အထည်အလိပ်မှ အဝတ်အထည်ချုပ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းစသည့် ကဏ္ဍများတွင် သွင်းအားစုလိုအပ်ချက်များ၊ ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ သုတေသန ဖွံ့ဖြိုးရေးနှင့် တီထွင်ဆန်းသစ်ခြင်းတို့တွင် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများကို ဖော်ထုတ်၍ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးရေးလုပ်ငန်းအစီအမံတစ်ခု ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရေမြေသဘာဝနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ပစ္စည်းများသည် ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးကို ဖြည့်ဆည်း ပေးလျက်ရှိသည့်အပြင် ပိုလျှံပါက ပြည်ပသို့တင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊  စိုက်ပျိုးရေးထုတ်ကုန်ဖြစ်သည့် ဝါစိုက်ပျိုးထုတ်လုပ်သည်မှ ပြည်တွင်းအထည်အလိပ်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးတကြီးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဝါဂွမ်းမှ ချည်မျှင်နှင့်အထည်အလိပ်ထုတ်လုပ်ခြင်း၊  အထည်အလိပ်မှ အထည်ချုပ်လုပ် ရောင်းချဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍတို့ကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အချိုးညီမျှတအောင် ဆောင်ရွက်နိုင်ပါက ရည်မှန်းချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်အသင်းအဖွဲ့ ကိုယ်စားလှယ်များက ရှုထောင့်အသီးသီးမှ ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။ 
    ထို့နောက် ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၏ လက်ရှိစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေ၊ လိုအပ်သည့် သွင်းအားစုများ၊ နည်းပညာနှင့်ငွေကြေးအရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်များ၊ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီး၊ ဝါစိုက်တောင်သူ (၁)ဦးတို့ကလည်းကောင်း၊ ဝါကြိတ်ခြင်း၊ ချည်မျှင်ထုတ်လုပ်ခြင်း၊ ရက်လုပ်ခြင်း၊ အချောသပ်ထုတ်လုပ်ခြင်းနှင့်ဆေးဆိုးပန်းရိုက်လုပ်ငန်းများ၏ ဆောင်ရွက် နေမှုများ၊ လိုအပ်ချက်များ၊ အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံးမှ ကိုယ်စားလှယ် (၁)ဦးနှင့် အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာတို့ကလည်းကောင်း၊ အထည်အလိပ်ထုတ်ကုန်ပစ္စည်းများ တီထွင်ဆန်းသစ်မှုနှင့် ဈေးကွက်အနေအထားတို့ကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ် (၁)ဦးနှင့် SCM Sport Wear ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့ကလည်းကောင်း အသီးသီးဆွေးနွေးပြောကြားသည်။
    ဆက်လက်၍ အထည်အလိပ်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများ၊ နည်းပညာ၊ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်၊ စက်ပစ္စည်းနှင့်သွင်းအားစု စသည့်လိုအပ်ချက်များနှင့် နိုင်ငံတော်မှ ပံ့ပိုးပေးရမည့်အချက်များနှင့်စပ်လျဉ်း၍ စကားဝိုင်းပုံစံဖြင့် ကျင်းပပြုလုပ်ရာ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
    နေ့လယ်ပိုင်းတွင် အုပ်စု (၄)ခုဖွဲ့စည်း၍ Upstream ဖြစ်သည့် ဝါစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ပံ့ပိုးဆောင်ရွက်ပေးသည့်အချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Middle Stream ဖြစ်သည့် ဝါဂွမ်းမှအထည်အလိပ် ထုတ်လုပ်ခြင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ၊ အခွင့်အရေးများ၊ ပံ့ပိုးဆောင်ရွက်ပေးသည့် အချက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ Down Stream ဖြစ်သည့် အထည်အလိပ်မှ အဝတ်အထည်ချုပ်လုပ် ဖြန့်ဖြူးခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းအတွက် လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး ပံ့ပိုးဆောင်ရွက်ပေးရမည့် အချက်များနှင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်သောနည်းပညာနှင့် ငွေကြေးအရင်းအမြစ်ရရှိရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးနှင့် နိုင်ငံတော်မှ ပံ့ပိုးပေးရမည့်အချက်များ ဖော်ထုတ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အုပ်စု(၁)ခုချင်းစီအလိုက် အသီးသီးဆွေးနွေးကြပြီး ရရှိလာသည့်အချက်များကို ပြန်လည်ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ထုတ်လုပ်မှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်ရမည့်အချက်များ ဖော်ထုတ်ခြင်းနှင့် ရေးဆွဲမည့် လုပ်ငန်းအစီအမံတွင် ပါဝင်သင့်သည့်အချက်အလက်များ၊ ပါဝင်သင့်သည့် ဌာနအဖွဲ့အစည်းများအား ဝိုင်းဝန်းဖော်ထုတ် ဆွေးနွေးခဲ့ကြသည်။
    ထို့နောက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ဝါစိုက်ပျိုးသည်မှ အဝတ်အထည်ထုတ်လုပ်သည့် ကွင်းဆက်တစ်လျှောက်ရှိ လုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့ကို တာဝန်ပေးအပ်ထားသဖြင့် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းရှိ တပ်ဆင်ထားရှိသော ဝါကြိတ်စက်များသည် အရည်အသွေးရှိပြီး စွမ်းဆောင်မြင့်မားစွာ အသုံးပြုနိုင်သည့် စက်ပစ္စည်းများဖြစ်ကြောင်း၊ ဝါစိုက်ပျိုးသည်မှ အဝတ်အထည်ရက်လုပ်သည့် ကွင်းဆက်တစ်လျှောက်ရှိ  တောင်သူများ၊ ဝါကြိတ်စက်များ ချည်မျှင်ထုတ်လုပ်သည့်စက်ရုံများ၊ အထည်စက်ရုံများ၊ အထည်ချုပ်လုပ်ငန်းများ အလုပ်အကိုင်ရရှိ၍ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ ထို့ပြင် ပြည်ပမှ ချည်မျှင်နှင့်အဝတ်အထည်များ တင်သွင်းရမှုလျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေ အသုံးပြုရမှု လျော့နည်းသက်သာမည်ဖြစ် ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် အချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ပညာရှင်များ၊ ဝါလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တက်ကြွစွာဖြင့် ပါဝင်ဆွေးနွေးခဲ့သဖြင့် ကောင်းမွန်သည့်ရလဒ်များရရှိခဲ့၍ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023