အမှတ် (၇) အထည်စက်ရုံ (မြစ်သား) စက်စွမ်းအားပြည့်လည်ပတ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန် စီမံဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ရှိ အမှတ်(၇)အထည်စက်ရုံ (မြစ်သား)သို့ ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးက ၂/၈၀ ၊ ၁/၄၀၊ ၁/၂၁ နှင့် ၁/၇ ချည်များ ထုတ်လုပ်နေမှု၊ ၂/၈၀ ချည် များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စမ်းသပ်ထုတ်လုပ်နိုင်မှု၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ စက်စွမ်းအားပြည့်လည်ပတ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန် စီမံဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ချည်မျှင်နှင့် အထည်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် စက်စွမ်းအား ပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေးအရည်အသွေးကောင်းမွန်သည့် ကုန်ကြမ်းများရရှိရန်၊ ထုတ်လုပ်သည့် စက်ပစ္စည်းများ ကောင်းမွန်ရန်နှင့် နိုင်ငံတော်၏ ရည်မှန်းချက်အောင်မြင်ရေး ဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများသည် စက်ရုံအတွင်း ချည်များထုတ်လုပ်နေသည့် လုပ်ငန်းစဉ်တို့ကို ကြည့်ရှုစစ်ဆေးပြီး မီးငြှိမ်းသတ်ရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံအောင် ဖြည့်ဆည်းထားရန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်း စက်ရုံ(မင်းစု)သို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသော ဆေးရုံသုံးခုတင်နှင့် ဆက်စပ်ပရိဘောဂပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများကို အရည်အသွေးပြည့်မီစွာထုတ်လုပ်ပြီး အချိန်မီပေးသွင်းနိုင်ရန်၊ အိမ်သုံးပစ္စည်းကုန်ချောလက်ကျန်များ ကုန်စင်အောင်ရောင်းချရန်၊ ပလတ်စတစ် ထုတ်ကုန်ပစ္စည်းများ၊ Steel အိမ်သုံးအမယ်သစ်များ တိုးမြှင့်ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန်၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး စီမံဆောင်ရွက်ကြရန်မှာကြားပြီး Steel အိမ်သုံးပစ္စည်းများ ထုတ်လုပ်နေမှု၊ ဆေးရုံသုံးခုတင်များ၊ ဆေးရုံပရိဘောဂများ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 06, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on May 06, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ အနေကဇာတင်ပါဌ် (ပါဠိ-မြန်မာပြန်)

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 05, 2024

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023