၂၈-၆-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၃/၂၀၂၄) ကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ npt / July 03, 2024


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၃/၂၀၂၄) အခမ်းအနားကို အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များကကြီးမှူး၍ ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

နံနက်ပိုင်းတွင် စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအား လည်းကောင်း၊ မွန်းလွဲပိုင်းတွင် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စီမံရေးရာဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့တို့မှ ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း ကျင်းပခဲ့ရာ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများက မိမိတို့ လိုအပ်ချက်များကို အစီအစဉ်အတိုင်း အသီးသီးထုတ်ဖော်တင်ပြခဲ့ကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်တို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် ဦးစားပေးရမည့် ကိစ္စရပ်များပေါ်မူတည်၍ ဖြစ်နိုင်သမျှ ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရုံးစာများ၊ သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ လုံခြုံမှုရှိစေရေး၊ မိမိတို့၏အလုပ်ကို မြတ်နိုးတန်ဖိုးထားသော စိတ်ဖြင့် ကြိုးစားကြသူများနှင့် စည်းကမ်းလိုက်နာသော ဝန်ထမ်းကောင်းများဖြစ်စေရေးကို အလေးဂရုပြု၍ လုပ်ငန်းတာဝန်များကို စည်းလုံးညီညွတ်စွာ ထမ်းဆောင်ကြစေလိုပါကြောင်း ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

Statement by the Myanmar National Human Rights Commission in honour of Myanmar Women’s Day Statement No. (7/2024)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on July 02, 2024

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် ( ၇ /၂၀၂၄)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on July 02, 2024

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023